Writen by
Tachileik News Agency
3:28 AM
-
0
Comments
ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းမပေါ်ရှိ တာလေမြို့နယ်ခွဲ၊ နားယောင်းကျေးရွာအုပ်စု၊ နားအွမ်ကျေးရွာတွင် အောက်တိုဘာ ၄ရက် နံနက် ၃နာရီ မိနစ်အချိန်ခန့်က ကျိုင်းလပ် - တာလေမြို့နယ်ခွဲဘက်မှ တာချီလိတ်ဘက်သို့ မောင်းနင်လာသော ကားပေါ်မှ ကျပ်သိန်းပေါင်း ၅၂၅၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးတားဆီးကာကွယ်နိမ်နင်းရေး ရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု (၃၀) တာချီလိတ်၊ တို့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့က တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သတင်းရရှိသည်။ကားနောက်ခန်းတွင် တွေ့ရှိရသော ကဖင်း (caffeine)များမှာ ၁အိတ်လျှင် အလေးချိန် ၂၅ ကီလိုပါသည့် ၂၈၀ အိတ်ဖြစ်ပြီး စုစုပေါင်း ကီလို ၇၀၀၀ ရှိရာ ကဖင်း ၁ ကီလိုလျှင် ကျပ် ၇၅၀၀၀နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၅၂၅၀ ခန့် ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ဦးစိုင်းxxxအား သက်ဆိုင်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေရဲစခန်းမှ မယဂ(ပ)၂/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်ရန်အတွက် ဆက်လက်၍ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


Social Buttons