Latest News

Dropdown Menu

Saturday, October 5, 2013

ကျပ်သိန်းပေါင်း ၅၂၅၀ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမှုနှင့် ပတ်သက်၍ ဆက်စပ်တရားခံများအား ထပ်မံ၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

အောက်တိုဘာ ၄ရက် နံနက် ၃နာရီ ၃၀မိနစ်အချိန်ခန့်က ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းမပေါ်ရှိ တာလေမြို့နယ်ခွဲ၊ နားယောင်းကျေးရွာအုပ်စု၊ နားအွမ်ကျေးရွာတွင်  ကျိုင်းလပ် - တာလေမြို့နယ်ခွဲဘက်မှ တာချီလိတ်ဘက်သို့ မောင်းနင်လာသော ကားပေါ်မှ ကျပ်သိန်းပေါင်း ၅၂၅၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမှုနှင့် ပတ်သက်၍  သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ကွင်းဆက်များအား စစ်ဆေးဖော်ထုတ်လျှက်ရှိရာ အဆိုပါ ကဖင်များကို သယ်ဆောင်လာသူ ဦးစိုင်းxxx အား သက်ဆိုင်ရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများကို သယ်ဆောင်ရာတွင် အသုံးပြုသည့် ကား၏ပိုင်ရှင်မှာ မိုင်းကိုးကျေးရွာအုပ်စုနေ ဦးxxxxခမ်း၏ ကားဖြစ်ကြောင်း ထွက်ဆိုလာသည့် အတွက် အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၆နာရီ ၄၅မိနစ်အချိန်ခန့်က သက်ဆိုင်ရာရဲတပ်ဖွဲ့မှ မိုင်းကိုးကျေးရွာအုပ်စုရှိ ဦးxxxxခမ်း အား သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့်အတူ ထပ်မံ၍ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။



မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု (၃၀) တာချီလိတ်၊ တို့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည်  ဦးxxxxခမ်း ၏ နေအိမ်အား အဆိုပါနေ့မှာပင် ရှာဖွေရန်အတွက် သွားရောက်စဉ် နေအိမ်တွင် ဦးxxxxခမ်း အား အသင့်တွေ့ရှိနေရပြီး၊ ဆက်လက်၍ နေအိမ်အတွင်းနှင့် ၎င်းတို့၏ ကားများအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေရာ အောက်တိုဘာ ၄ရက်နေ့ နံနက် ၃နာရီခွဲဝန်းကျင်က ကဖင်းများနှင့်အတူ ဖမ်းဆီးရမိထားသူ ဦးစိုင်းxxx ပိုင်ဆိုင်သည့် Honda Fit ကားတစ်စီးအားတွေ့ရှိနေရပြီး အဆိုပါကားအတွင်းသို့ ရှာဖွေရာ အပြာရောင် ကပ်ခွာ ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၉၅၀ပြားအား တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိရသူ ဦးxxxxxခမ်း အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၂၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »