Writen by
Tachileik News Agency
12:25 AM
-
0
Comments
တာချီလိတ်မြို့တွင် ပထမဦးဆုံးဖွင့်လှစ်လိုက်သည့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည် ယခုအခါမှာ တစ်နှစ်ပြည့်သွားပြီဖြစ်သည့်အတွက် တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား အောက်တိုဘာလ ၂၈ရက် ည ၇နာရီအချိန်က တာချီလိတ်မြို့ရှိ ဆုံဆည်းရာ စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ကြသည်။နှစ်ပတ်လည်အခမ်းအနားတွင် တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး အပါအ၀င် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း နှင့် အဆွေတော်မိသားစုမှ ဦးမောင်လေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းတို့က အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း ဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်၍ ၀မ်းမြောက်ဂုဏ်ယူကြောင်း နှင့် (၂၄)နာရီ ဖွင့်လှစ်ထားခြင်းကြောင့် ညရေးညတာ အရေးပေါ် ကျန်းမာရေးအခြေအနေများ ဖြစ်ပွားလာပါက ပြည်သူများအတွက် အဆင်ပြေစေကြောင်း စသည့်ဖြစ် ဂုဏ်ပြုအမှာစကားပြောကြားသွားခဲ့သည်။
{ အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ပိုင်ရှင် ဦးတင်လှိုင် }
ဆက်လက်၍ အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မေတ္တာရှင်နာရေးကူညီမှုအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)၊ မဟာမြတ်မုနိဘုရား ဆွမ်း၊ကွမ်း၊ ဝေယျာဝစ္စအဖွဲ့ နှင့် မကာဟိုခမ်း ဆွမ်း၊ကွမ်း၊ဝေယျာဝစ္စအဖွဲ့(၁+၂)တို့အား အလှူငွေ များအသီးသီး ပေးအပ်လှူဒါန်းရာ စုစုပေါင်း အလှူငွေမှာ ဘတ် ၉၅၀၀၀ ရှိကြောင်း သိရသည်။
၂၀၁၃ ဆီးဂိမ်းသို့ တာချီလိတ် မှ နေပြည်တော်သို့ စက်ဘီးစီးနင်း၍ သွားရောက်မည့် "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"အား အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း မှ main sponsor အဖြစ် ထိုင်းဘတ်ငွေ ၄၆၀၀၀ တန်ဖိုးရှိသည့် ၀တ်စုံ အစုံ ၄၀ နှင့် ရန်ပုံငွေ ကျပ် ၅ သိန်းတို့အား စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်းမှ ပေးအပ်လှူဒါန်းပေးခဲ့သည်။
{ အခမ်းအနား ရုပ်သံ}
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လူမှုရေးအသင်းအဖွဲ့များနှင့် စက်ဘီးအဖွဲ့အား လှူဒါန်းရာ စုစုပေါင်း တန်ဖိုးငွေမှာ ထိုင်းဘတ် ၁၅၀၀၀၀ ကျော်ရှိပြီး ဓမ္မစကူးကျောင်းတော်(တာချီလိတ်)သို့လည်း လစဉ် ထိုင်းဘတ်ငွေ ၅၀၀၀ လှူဒါန်းလေ့ရှိကြောင်း သိရသည်။
{ အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်း }
အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်းတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော တာချီလိတ်မြို့၏ ပထမဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်း ဖြစ်သည်။
ပုံများကိုကြည့်ရန်
28 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Social Buttons