Latest News

Dropdown Menu

Thursday, December 19, 2013

မိုင်းဖုန်းဆရာတော်၏ ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေရေကန်ကုမ္ပဏီမှ ကားသစ်တစ်စီး လှူဒါန်း

၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရ၏ သက်တော် (၅၀)နှစ်ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် မိသားစု တစ်စုဖြစ်သည့် ရွှေရေကန်ကုမ္ပဏီ မိသားစုမှ လိုင်စင်အပြီးအစီးပါသည့် Toyota Land Cruiser ကားသစ်တစ်စီးအား ယနေ့ ဒီဇင်ဘာလ (၁၉)ရက် မွန်းလွဲပိုင်းက မိုင်းဖုန်းဆရာတော်အား ရေစက်သွန်းချ လှူဒါန်းလိုက်ကြောင်း သိရသည်။


ထိုသို့ လှူဒါန်းရာတွင် မိုင်းဖုန်းဆရာတော်သည် နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ကြွရောက်လာရာ အလှူရှင်မိသားစုများမှ သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါလှူဒါန်းမှုတွင် နဂါးနှစ်ကောင်ဆရာတော် နှင့် မိုင်းဖုန်းဆရာတော် အပါအ၀င် သံဃာတော်များမှ ပရိတ်တရားများရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အလှူရှင်များဖြစ်သည့် ဦးစိုင်းနွမ်း + ဒေါ်နန်းစံဟွမ် ရွှေရေကန်ကုမ္ပဏီ မိသားစုတို့မှ ရေစက်သွန်းချ တရားတော်နာယူခဲ့ကြသည်။


ယခုလို ကားတစ်စီးလှူဒါန်းလိုက်ခြင်းနှင့် ပတ်သက်၍ "၁လပိုင်း ၅ရက်နေ့မှာ ကျရောက်မဲ့ ဆရာတော်ရဲ့ ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ် လှူဒါန်းလိုက်တာဖြစ်ပါတယ်"ဟု ဦးစိုင်းနွမ်း(ရွှေရေကန်ကုမ္ပဏီ)မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

မိုင်းဖုန်းဆရာတော်သည် မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည်ကြွရောက်တော်မူလာပြီးနောက် ရွှေတိဂုံစေတီတော်သို့ ပထမဦးဆုံးအကြိမ်အဖြစ် ယနေ့ နံနက်က ကြွရောက်တော်မူပြီး ရွှေတိဂုံစေတီတော်မှ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ခေတ္တကြွရောက်ချိန်မှာ ယခုလို ကားလှူဒါန်းမှုအား လက်ခံခြင်း ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »