Latest News

Dropdown Menu

Thursday, December 19, 2013

ဟောင်လိတ် ကျေးရွာအုပ်စုထဲ၌ မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရရှိ

ယနေ့ ဒီဇင်ဘာလ(၁၉)ရက် နံနက်(၁၀)နာရီအချိန်က  တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀ိန်းကျောက် အာခါရွာ၌ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား အနည်းငယ် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ၀ိန်းကျောက် အာခါရွာရှိ ဦးဘူ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးရာ ဦးဘူအား နေအိမ်တွင် အသင့်တွေ့ရှိနေရပြီး အိပ်ခန့် နံရံတွင် ချိတ်ဆွဲထားသည့် အပြာရောင် မိုးကာအင်္ကျီထဲမှာ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ( ၁၇ )ပြား နှင့် Wy စာတမ်းပါ အစိမ်းရောင် စိတ်ကြွဆေးပြား (၂) စုစုပေါင်း (၁၉)ပြားအပါအ၀င် ဘိန်းစိမ်း (၁၅)ဂရမ်အား တွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးဘူအား  မယ(ပ) ၁၇၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »