Writen by
Tachileik News Agency
10:35 PM
-
0
Comments
ကမ္ဘာပေါ်မှာ များသောအားဖြင့် လူသားတိုင်း ပြောလေ့ပြောထရှိသည့် စကားတစ်ခွန်းမှာ အချိန်ကို နောက်ပြန်လည်လို့မရတော့ဘူး၊ ဒီနေ့ ဒီလ လို ရက်စွဲမျိုး တူညီမှုတွေ မရှိနိုင်တော့ဘူးဆိုတဲ့ လက်သုံးစကားကို ၂၀၁၄ ခုနှစ် ပြက္ခဒိန် ရက်စွဲများက တော်လှန်လိုက်တာကို တွေ့ရပါသည်။
အဘယ့်ကြောင့်ဆိုသော် ၂၀၁၄ခုနှစ်ထဲက ရက်လများက ပြီးခဲ့သော နှစ်ပေါင်း (၆၇)နှစ်က ပြက္ခဒိန်ရက်စွဲများအတိုင်း ထပ်တူထပ်မျှ ကျစေတာတွေကြောင့်ပါ။
ကမ္ဘာလောကကြီးထဲ ထူးခြားမှုတွေဟာ အံ့သြတုန်လှုပ်စရာအဖြစ် အမြဲဖြစ်ပေါ်နေသည့်အတွက် အခုလည်း မထင်ထားတဲ့ ခုနှစ်သက္ကရာဇ်တစ်ခုစီက ရက်စွဲကို ပြန်လည်၍ တစ်ထပ်တည်း ကျရောက်စေတော့မှာ ဖြစ်တဲ့အတွက် များသောအားဖြင့် မည်သူမျှ မယုံကြည်နိုင်စရာ တခုဖြစ်နေတာကို တွေ့ရပါသည်။
၁၉၄၇ ခုနှစ် ပြက္ခဒိန် နှင့် ၂၀၁၄ ခုနှစ် ပြက္ခဒိန်တို့ရဲ့ နေ့လရက်တွေ တွက်ချက်ပုံ သွားတူနေပေမဲ့လည်း မတူညီသည်က လပြည့်/လကွယ်ရက်များဖြစ်ကြောင်း နှိုင်းယှဉ်ချက်အရလည်း သိရပါသည်။
"၁၉၄၇ ခုနှစ်က ပြက္ခဒိန်ရက်စွဲနဲ့ ၂၀၁၄ ခုနှစ် ပြက္ခဒိန်ရက်စွဲ တူတယ်ဆိုတော့ နိုင်ငံရေးအရ ပြောရရင် ၁၉၄၇ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ အဲ့လိုပဲ ၁၉၄၇ခုနှစ်က ဒီမိုကရေစီ အရေးနဲ့ ၂၀၁၄ ရဲ့ ဒီမိုကရေစီအရေးရော တူညီနိုင်ပါ့မလား ဆိုတာလေးကိုတော့ စိတ်ဝင်စားမိတယ် "ဟု ပြည်ပရောက် နိုင်ငံရေးသမားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ သုံးသပ်ပြောဆိုလာသည်။
"တကယ့်ကို အံ့သြစရာကောင်းပါတယ်၊ ကျွန်တော်တို့လည်း မယုံနိုင်လို့ သေချာတိုက်ကြည့်တော့ လပြည့်လကွယ်က လွဲရင် နေ့ ရက် လ တွေကအစ သွားတူနေတာကို တွေ့ရတယ်"ဟု တာချီလိတ်မြို့မှ မြို့မိမြို့ဖ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ အံ့သြမှုဖြင့် ပြောကြားလာသည်။
အဘယ့်ကြောင့်ဆိုသော် ၂၀၁၄ခုနှစ်ထဲက ရက်လများက ပြီးခဲ့သော နှစ်ပေါင်း (၆၇)နှစ်က ပြက္ခဒိန်ရက်စွဲများအတိုင်း ထပ်တူထပ်မျှ ကျစေတာတွေကြောင့်ပါ။
{ ပြက္ခဒိန်ပုံအား Googleမှ ရှာဖွေ၍ ပေါင်းစပ်ဖော်ပြပါသည်၊ ပုံကို နိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်}
၁၉၄၇ ခုနှစ် ပြက္ခဒိန် နှင့် ၂၀၁၄ ခုနှစ် ပြက္ခဒိန်တို့ရဲ့ နေ့လရက်တွေ တွက်ချက်ပုံ သွားတူနေပေမဲ့လည်း မတူညီသည်က လပြည့်/လကွယ်ရက်များဖြစ်ကြောင်း နှိုင်းယှဉ်ချက်အရလည်း သိရပါသည်။
"၁၉၄၇ ခုနှစ်က ပြက္ခဒိန်ရက်စွဲနဲ့ ၂၀၁၄ ခုနှစ် ပြက္ခဒိန်ရက်စွဲ တူတယ်ဆိုတော့ နိုင်ငံရေးအရ ပြောရရင် ၁၉၄၇ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ အဲ့လိုပဲ ၁၉၄၇ခုနှစ်က ဒီမိုကရေစီ အရေးနဲ့ ၂၀၁၄ ရဲ့ ဒီမိုကရေစီအရေးရော တူညီနိုင်ပါ့မလား ဆိုတာလေးကိုတော့ စိတ်ဝင်စားမိတယ် "ဟု ပြည်ပရောက် နိုင်ငံရေးသမားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ သုံးသပ်ပြောဆိုလာသည်။
"တကယ့်ကို အံ့သြစရာကောင်းပါတယ်၊ ကျွန်တော်တို့လည်း မယုံနိုင်လို့ သေချာတိုက်ကြည့်တော့ လပြည့်လကွယ်က လွဲရင် နေ့ ရက် လ တွေကအစ သွားတူနေတာကို တွေ့ရတယ်"ဟု တာချီလိတ်မြို့မှ မြို့မိမြို့ဖ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ အံ့သြမှုဖြင့် ပြောကြားလာသည်။
လေ့လာတင်ပြသူ ။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons