Writen by
Tachileik News Agency
1:05 AM
-
0
Comments
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၁၅၀၀ ကျပ်တန်၊ တန်ဖိုးနည်း ဖုန်းကဒ်များကို လစဉ် (၂၅)ရက်နေ့ ၀န်းကျင်တိုင်း မဲဖောက်၍ အများပြည်သူများအား ရောင်းချပေးနေလျှက်ရှိရာ နိုင်ငံတော်မှ ယခု ဒီဇင်ဘာလအတွက် တာချီလိတ်မြို့သို့ GSM ဖုန်းကဒ် (၉၀၀)အား ချထားပေးလာရာ လျှောက်လွှာ လက်ကျန်စာရင်း အပါအ၀င် စုစုပေါင်းလျှောက်လွှာ ဦးရေမှာ ( ၉၇၀၁ )ဦး ရှိကြောင်း သိရသည်။
အဆိုပါ ဖုန်းကဒ်များအတွက် မဲနှိုက်ပေးမှုကို ယနေ့ ဒီဇင်ဘာလ(၂၄)ရက် မွန်းလွှဲပိုင်းအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ လျှောက်လွှာပေါင်း (၉၇၀၁)စောင်ထဲမှ ပေါက်မဲ (၉၀၀)အား မဲနှိုက်ကြရာတွင် ဖုန်းကဒ်လျှောက်ထားကြသူများမှာ ယခင်လများလောက် မဲနှိုက်မှုရောင်းချပေးမှုကို စိတ်ဝင်စားမှုမရှိကြတာကို တွေ့ရှိရသည်။
"ဖုန်းကဒ်လျှောက်ထားကြတဲ့လူတွေက မဲနှိုက်မယ်ဆိုရင် ပထမဆုံးအကြိမ်လောက် စိတ်ဝင်စားမှု သိပ်မရှိကြတော့လို့လားမသိဘူး၊ ခုနောက်ပိုင်း မဲနှိုက်မယ်ဆိုရင် သိပ်မလာကြတော့ဘူး၊ နောက်ပြီး ဖုန်းကဒ်ထုတ်ပေးရာမှာလည်း ကျွန်တော်တို့က ဖုန်းကဒ်ထုတ်ပေးချိန် (၇)ရက်ဝန်းကျင်လောက်ပဲ သတ်မှတ်ပေးလို့ရတယ်၊ ရက်ကျော်သွားတဲ့အခါ ကဒ်က သက်တမ်းကုန်သွားတာမျိုးတွေ ဖြစ်တတ်တာကြောင့်ပါ။ ဒါကြောင့် နောက်လတွေမှာလည်း မဲနှိုက်တဲ့အခါမှာ လာရောက်မဲနှိုက်ကြပေးဖို့နဲ့ ဖုန်းကဒ်မဲပေါက်တဲ့ လူများကလည်း မဲပေါက်တယ်ဆိုတာနဲ့ ဆိုင်ကယ်သမားတွေကို မထုတ်ခိုင်းပဲ ကိုယ်တိုင် လာရောက် ထုတ်ယူဖို့လိုသလို သတ်မှတ်ရက်ထက် နောက်မကျစေပဲ လာရောက်ထုတ်ယူပေးကြပါလို့ ပြောချင်ပါတယ်"ဟု မိုဘိုင်းဖုန်းရောင်းချရေးကော်မတီဝင် တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
"အထက်က ဖုန်းကဒ်ချပေးတာကလည်းဗျာ၊ နေ့ပြန်တိုးပေးနေသလို၊ အကြွေးဆပ်သလို ဖြစ်နေတယ်၊ တစ်လကို နည်းနည်း နည်းနည်းနဲ့ ပေးမှာဖြင့် တခါတည်းပေးလိုက်ရင် အားလုံး တချိန်တည်း တန်းတူသုံးလို့ရတာပေါ့ဗျာ"ဟု အငှားဆိုင်ကယ်ပြေးဆွဲသူတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ယခုလအတွက် ဖုန်းကဒ်ပေါက်မဲစာရင်းများကို ယခင်လနည်းတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများ အလိုက်အပြင် တာချီလိတ်အွန်လိုင်းတွင်လည်း ကြော်ငြာပေးသွားမည်ဖြစ်ပြီး ဖုန်းကဒ်များကိုတော့ ဒီဇင်ဘာလ(၂၆)ရက်နေ့မှစ၍ တစ်ပတ်အတွင်း ထုတ်ယူနိုင်မှာဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖုန်းကဒ်များအတွက် မဲနှိုက်ပေးမှုကို ယနေ့ ဒီဇင်ဘာလ(၂၄)ရက် မွန်းလွှဲပိုင်းအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ လျှောက်လွှာပေါင်း (၉၇၀၁)စောင်ထဲမှ ပေါက်မဲ (၉၀၀)အား မဲနှိုက်ကြရာတွင် ဖုန်းကဒ်လျှောက်ထားကြသူများမှာ ယခင်လများလောက် မဲနှိုက်မှုရောင်းချပေးမှုကို စိတ်ဝင်စားမှုမရှိကြတာကို တွေ့ရှိရသည်။
"အထက်က ဖုန်းကဒ်ချပေးတာကလည်းဗျာ၊ နေ့ပြန်တိုးပေးနေသလို၊ အကြွေးဆပ်သလို ဖြစ်နေတယ်၊ တစ်လကို နည်းနည်း နည်းနည်းနဲ့ ပေးမှာဖြင့် တခါတည်းပေးလိုက်ရင် အားလုံး တချိန်တည်း တန်းတူသုံးလို့ရတာပေါ့ဗျာ"ဟု အငှားဆိုင်ကယ်ပြေးဆွဲသူတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ယခုလအတွက် ဖုန်းကဒ်ပေါက်မဲစာရင်းများကို ယခင်လနည်းတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများ အလိုက်အပြင် တာချီလိတ်အွန်လိုင်းတွင်လည်း ကြော်ငြာပေးသွားမည်ဖြစ်ပြီး ဖုန်းကဒ်များကိုတော့ ဒီဇင်ဘာလ(၂၆)ရက်နေ့မှစ၍ တစ်ပတ်အတွင်း ထုတ်ယူနိုင်မှာဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons