Latest News

Dropdown Menu

Tuesday, December 31, 2013

တာချီလိတ်မြို့မှ ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဘော်လီဘော ဆုပေးပွဲ

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် သံလွင်မိုးသတ္တုတူးဖော်ရေးကုမ္ပဏီတို့မှ ကြီးမှူးကျင်းပသည့် အမျိုးသား အလွတ်တန်း နှင့် အခြေခံပညာကျောင်းပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ နှင့် ဆုပေးပွဲအား ယနေ့ ဒီဇင်ဘာလ (၃၁)ရက် ညနေပိုင်းက တာချီလိတ်မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ဆုများရှိသော အသင်းများအား အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းနေဦး၊ အ.ထ.က(ဆန်ဆိုင်း) ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။



ဆက်လက်၍ ပြိုင်ပွဲအား ပံ့ပိုးကူညီပေးကြသူများအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခုပြိုင်ပွဲအား ဒီဇင်ဘာလ(၂၉)ရက်မှ ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့ထိ ကျင်းပပြုလုပ်တာဖြစ်ပြီး (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသော အားကစားနည်း (၁၄)မျိုးအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မှ ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဘော်လီဘောဆုပေးပွဲ
94 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »