Writen by
Tachileik News Agency
9:10 PM
-
0
Comments
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၅)ရက် ညနေ (၅း၁၅)နာရီအချိန်ခန့်က တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဘိန်းဖြူ အလေးချိန် (၈.၅)ဂရမ်ခန့်ကို တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှ တဆင့် တာချီလိတ်မြို့သို့ ၀င်ရောက်/ထွက်ခွာမည့် ခရီးသွားယာဉ်များနှင့် ခရီးသည်များအား ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ၊ ရှာဖွေမှုများ ပြုလုပ်နေလျှက်ရှိရာ ဒီဇင်ဘာလ(၁၅)ရက် ညနေ (၅း၁၅)နာရီအချိန်ခန့်က Hilux Sport အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီးအား မသင်္ကာ၍ ရပ်တန့်ရှာဖွေစစ်ဆေးသည့်အခါမှာ မောင်ထွန်းxxx ၀တ်ဆင်ထားသည့် အတွင်းခံဘောင်ဘီးအတွင်းထဲမှ ဘိန်းဖြူ (၈.၅)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိရသည့်အတွက် တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်ထွန်း နှင့် အတူလိုက်ပါလာသည့် မောင်စိန်တို့ နှစ်ဦးအား မယ(ပ) ၁၇၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှ တဆင့် တာချီလိတ်မြို့သို့ ၀င်ရောက်/ထွက်ခွာမည့် ခရီးသွားယာဉ်များနှင့် ခရီးသည်များအား ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ၊ ရှာဖွေမှုများ ပြုလုပ်နေလျှက်ရှိရာ ဒီဇင်ဘာလ(၁၅)ရက် ညနေ (၅း၁၅)နာရီအချိန်ခန့်က Hilux Sport အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီးအား မသင်္ကာ၍ ရပ်တန့်ရှာဖွေစစ်ဆေးသည့်အခါမှာ မောင်ထွန်းxxx ၀တ်ဆင်ထားသည့် အတွင်းခံဘောင်ဘီးအတွင်းထဲမှ ဘိန်းဖြူ (၈.၅)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိရသည့်အတွက် တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်ထွန်း နှင့် အတူလိုက်ပါလာသည့် မောင်စိန်တို့ နှစ်ဦးအား မယ(ပ) ၁၇၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons