Latest News

Dropdown Menu

Saturday, December 21, 2013

တာချီလိတ်၌ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ကြက်တောင်ရိုက်ပြိုင်ပွဲ နှင့် ဆုပေးပွဲ ကျင်းပ

၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် လူကြီးတန်း၊ အခြေခံပညာကျောင်းပေါင်းစုံ၊ အလွတ်တန်း၊ လူသစ်တန်း စသည့် ကြက်တောင်အားကစား ၀ါသနာရှင်များပါဝင်သည့်  ကြက်တောင်ရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့က စတင်ကျင်းပလာခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ (၂၁)ရက် ညနေ (၄)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။


ဆုများပေးအပ်ချီးမြှင့်ရာတွင် တာချီလိတ်ရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ တာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ရာ ပြိုင်ပွဲဝင် (၁၈၄)ဦးအနက် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိသူ စုစုပေါင်း (၅၂)ဦးတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အလွတ်တန်းအဆင့် စသည့် ကြက်တောင်ဝါသနာရှင် ကျောင်းသား/သူများ၊ လူကြီးတန်းမှ အလွတ်တန်း အမျိုးသား/အမျိုးသမီး  ကြက်တောင်ဝါသနာရှင်များ စုစုပေါင်း (၁၈၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူမှာ (၅၂)ဦးရှိပြီး ယခုပြိုင်ပွဲသည်  (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသော အားကစားပြိုင်ပွဲများ၏ ပထမဆုံးသော ပွဲစဉ်ဖြစ်ကြောင်းလည်း သိရှိရသည်။


တာချီလိတ်၌ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ဆက်လက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »