Writen by
Tachileik News Agency
7:25 AM
-
0
Comments

ကျင်းပပြုလုပ်မည့် အားကစားနည်း (၁၄)မျိုးမှာ ၁။ မာရသွန်၊ ၂။ အပြေးပြိုင်ပွဲ၊ ၃။ အလျားခုန်/အမြင့်ခုန်ပြိုင်ပွဲ၊ ၄။ သံလုံးပစ်/လှံတံပစ်ပြိုင်ပွဲ၊ ၅။ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ၆။ အာလူးကောက်ပြိုင်ပွဲ၊ ၇။ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ၈။ လွန်ဆွဲပြိုင်ပွဲ၊ ၉။ ချောတိုင်တက်ပွဲ၊ ၁၀။ ဖယောင်းတိုင်ထွန်းပြိုင်ပွဲ၊ ၁၁။ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ၁၂။ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ၁၃။ ဘော်လီဘောပြိုင်ပွဲ ၁၄။ ကြက်တောင်ရိုက်ပြိုင်ပွဲ စသည့် ကစားနည်းများ ပါဝင်ကြောင်း သိရသည်။
မာရသွန်ပြိုင်ပွဲ
မာရသွန်ပြိုင်ပွဲ( အလတ်တန်း )အား ၁.၁.၂၀၁၄ရက်နေ့တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ရန်ကုန်ရွာမှ တာထွက်၍ ပန်းဝင်ရမည့်နေရာမှာ ရှမ်းရိုးမကွင်းဖြစ်ကြောင်းနှင့် ဆုအမျိုးအစားများအနေဖြင့် ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု (၁၀)ဆု ပါဝင်ပြီး ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ယနေ့မှ စ၍ ၃၀.၁၂.၂၀၁၃ ရက်နေ့ နောက်ဆုံးထားကာ တာချီလိတ်မြို့ရှိ အားကစားရုံ၌ စာရင်းလာရောက် ပေးသွင်းရမှာ ဖြစ်ကြောင်း သိရသည်။
ပြေးခုံပစ်ပြိုင်ပွဲများ
ပြေးခုံပစ်ပြိုင်ပွဲများဖြစ်သည့် အပြေးပြိုင်ပွဲအား မီတာ ၁၀၀ မှ ၁၅၀၀ ထိ အကြီးတန်း ကျား/မ နှင့် အလတ်တန်း ကျား/မ သတ်မှတ်ထားကြောင်း၊ အလျားခုန်/အမြင့်ခုန်ပြိုင်ပွဲကို အကြီးတန်း ကျား/မ သတ်မှတ်ထားကြောင်း၊ သံလုံးပစ်/လှံတံပစ်ပြိုင်ပွဲအား အကြီးတန်း ကျား/မ နှင့် အလတ်တန်း ကျား/မ ဟူ၍ သတ်မှတ်ထားကြောင်း၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖယောင်းတိုင်ထွန်းပြိုင်ပွဲအား အငယ်တန်း ကျား/မ သတ်မှတ်ထားကြောင်းနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲအား အကြီးတန်း နှင့် အလတ်တန်း သတ်မှတ်ထားကြောင်း၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ စသည် ကစားနည်းများကို လွတ်လပ်ရေးနေ့ဖြစ်သည့် ၄.၁.၂၀၁၄ရက်နေ့တွင် မြို့မအားကစားကွင်း၌ နံနက်(၇)နာရီမှ စ၍ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ယနေ့မှစ၍ ပြိုင်ပွဲ ၁.၁.၂၀၁၄ရက်နေ့ထိ နောက်ဆုံးထား၍ တာချီလိတ်မြို့ရှိ အားကစားရုံ၌ စာရင်းလာရောက် ပေးသွင်းရမှာ ဖြစ်ကြောင်း သိရသည်။
ပြေးခုန်ပစ်ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်လူရွေးပွဲကို ၁.၁.၂၀၁၄ နှင့် ၂.၁.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတို့တွင် မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဆက်လက်၍ အလွတ်တန်း(၁)ဦးချင်း၊ အလွတ်တန်း(၂)ယောက်တွဲ နှင့် အငယ်တန်း(၁)ဦးချင်းစသည့် အတန်းစားအလိုက် ယှဉ်ပြိုင်ပြုလုပ်မည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲအား ဒီဇင်ဘာလ (၂၆/၂၇)တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စာရင်းပေးသွားလိုသူများအနေဖြင့် ၂၅.၁၂.၂၀၁၃ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့ရှိ အားကစားရုံ၌ စာရင်းပေးသွင်းရမှာ ဖြစ်သည်။
၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၁)ရက် မှ (၃)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ(အလွတ်တန်း) အတွက် ၃၀.၁၂.၂၀၁၃ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့ရှိ အားကစားရုံ၌ စာရင်းပေးသွင်းရမှာဖြစ်ပြီး ဘော်လီဘောပြိုင်ပွဲကိုတော့ ၂၆.၁၂.၂၀၁၃ မှ ၂၈.၁၂.၂၀၁၃ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ၂၅.၁၂.၂၀၁၃ရက်နေ့ နောက်ဆုံးထား၍ အဆိုပါအားကစားရုံ၌ စာရင်းပေးသွင်းရမှာ ဖြစ်သည်။
အထက်ပါဖော်ပြထားသော ပြိုင်ပွဲများအား ၀င်ရောက်ပါဝင် ယှဉ်ပြိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းရန်မှာ တာချီလိတ်မြို့ အားကစားရုံ၌ စာရင်းပေးသွင်းရမှာဖြစ်ပြီး မည်သည့် ပြိုင်ပွဲများကိုမဆို ၀င်ကြေးပေးသွင်းရန်မလိုကြောင်းလည်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons