Writen by
Tachileik News Agency
4:53 AM
-
0
Comments
မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော (၂၇)ကြိမ်မြောက် ဆီးဂိမ်း မြန်မာ ၂၀၁၃ ပြိုင်ပွဲအား ကြိုဆိုဂုဏ်ပြု ထောက်ခံသောအားဖြင့် တာချီလိတ်မြို့ရှိ "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ အင်အား ၃၀ ကျော်တို့သည် တာချီလိတ် မှ နေပြည်တော်ထိ မိုင်ရှည်ခရီး စီးနင်းမှုကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁)ရက် နံနက်(၆)နာရီအချိန်က တာချီလိတ်မြို့ မှ စတင်၍ ထွက်ခွာသွားရာ ဒီဇင်ဘာလ(၅)ရက် ညနေပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိပြီး ယနေ့ ဒီဇင်ဘာလ(၇)ရက် နံနက်ပိုင်းမှာ တောင်ကြီးမှ ပြန်လည်ထွက်ခွာရာ ညနေ ၄း၄၅နာရီအချိန်ခန့်မှာ ပင်လောင်းမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
" ပင်လောင်းမြို့ကို ရောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီးတော့မှ အား/ကာတွေရော အကုန်လုံးနီးပါးပဲ တစ်မြို့လုံးက ထွက်ကြိုကြတယ်၊ အိုးစည်ဗုံမောင်းတွေ၊ ကိန္နရီ ကိန္နရာ အကတွေ၊ တိုင်းရင်းသားဝတ်စုံလေးတွေ နဲ့ ၀မ်းသာအားရကြိုကြတယ်၊ ရှမ်းအရှေ့စက်ဘီးအသင်းကို ကြိုဆိုပါ၏ ဆိုပြီး ဆိုင်းဘုတ်လေးတွေ တပ်ပြီးတော့မှ ကျွန်တော်တို့ကို ကြိုတာတွေ့ရတော့ အရမ်းအားတတ်မိပါတယ်"ဟု "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း" အဖွဲ့ခေါင်းဆောင် များအနက် ဦးစိုင်းလုံဟောင်က တာချီလိတ်အွန်လိုင်းသို့ ဖုန်းဖြင့် ဆက်သွယ်၍ ပြောကြားလာသည်။
"တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"အဖွဲ့အား တာချီလိတ်မှ ထွက်ခွာသွားသည်မှ စ၍ ကာလီ၊ မိုင်းပျဉ်း၊ ကွန်ဟိန်း၊ လွိုင်လင်၊ တောင်ကြီး နှင့် ပင်လောင်းမြို့ စသည့်မြို့များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အား/ကာများ အပါအ၀င် မြို့သူမြို့သားများမှ ၀မ်းသာအားရစွာ ကြိုဆိုနှုတ်ဆက် ဧည့်ခံကြကြောင်း နှင့် အဆိုပါ အဖွဲ့တို့သည် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ပင်လောင်း မှ နေပြည်တော်သို့ ဆက်လက်ထွက်ခွာမှာ ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်

31 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons