Latest News

Dropdown Menu

Saturday, December 7, 2013

Eastern Eagle Riders ဆိုင်ကယ်အဖွဲ့ ဆီးဂိမ်းအား ဂုဏ်ပြုသည့် အနေဖြင့် တာချီလိတ် မှ နေပြည်တော်သို့ စတင် ထွက်ခွာ

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အပျော်တမ်းခရီးသွားဆိုင်ကယ်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် တာချီလိတ်မြို့မှ "Eastern Eagle Riders"အဖွဲ့သည် မြန်မာနိုင်ငံ၌ ကျင်းပမည့် (၂၇)မြောက်ဆီးဂိမ်း မြန်မာအား ကြိုဆိုသော အားဖြင့် တာချီလိတ်မြို့မှ နေပြည်တော်သို့ ဆိုင်ကယ်များဖြင့် ယနေ့ ဒီဇင်ဘာလ (၇)ရက် မွန်းလွဲ ၃နာရီခွဲအချိန်ခန့်က တာချီလိတ်မြို့မှ စတင်ထွက်ခွာ သွားပြီဖြစ်ပါသည်။


ထိုသို့ ထွက်ခွာရာတွင် Eastern Eagle Riders ဆိုင်ကယ်ကလပ်မှ အမာခံအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မိတ်ဆွေ စုစုပေါင်း (၃၅)ဦးခန့်ဟာ Chopper  Cruiser  နှင့် Jamping ဆိုင်ကယ် စုစုပေါင်း (၂၆)စီး ဖြင့် ထွက်ခွာကြတာပြီး တာချီလိတ် မှ တောင်ကြီး ခရီးလမ်းသည် Chopper  Cruiser ဆိုင်ကယ်များ အတွက် အဆင်မပြေနိုင်တာကြောင့် အဆိုပါ ဆိုင်ကယ်များကို ကားဖြင့် တောင်ကြီးသို့ သယ်ဆောင်သွားပြီး တာချီလိတ်မှ တောင်ကြီးထိ အကြမ်းခံနိုင်သည့် Jamping ဆိုင်ကယ်များဖြင့် စီစဉ်၍ ထွက်ခွာသွားကြတာ ဖြစ်ကြောင်း သိရသည်။


အဆိုပါအဖွဲ့သည် ယနေ့ ဒီဇင်ဘာလ(၇)ရက် ညတွင် ကျိုင်းတုံ၌ တစ်ညအိပ်နားမှာဖြစ်ပြီး ဒီဇင်ဘာလ (၈)ရက်တွင် ကျိုင်းတုံ မှ ထွက်ခွာ၍ နေပြည်တော်သို့ ( ၁၀ )ရက်နေ့ အရောက် သွားရောက်မှာ ဖြစ်ကြောင်း ၎င်းတို့၏ ခရီးစဉ်အရ သိရသည်။

"တာချီလိတ်ကတော့ တကယ့်စံပဲဗျာ၊ နေပြည်တော်မှာ ကျင်းပတဲ့ (၂၇)မြောက် ဆီးဂိမ်း မြန်မာကို သွားရောက် ကြိုဆို ဂုဏ်ပြုတဲ့ စက်ဘီးအဖွဲ့ နဲ့ ဆိုင်ကယ်အဖွဲ့ ရှိနေတာ မြို့အတွက် အားရ ကျေနပ်စရာပဲဗျာ"ဟု မြို့ခံလူတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

Eastern Eagle Riders ဆိုင်ကယ်ကလပ်မှ အဖွဲ့သားများသည် ဆီးဂိမ်းဖွင့်ပွဲပြီးသွားပါက အခြားမြို့များသို့ သွားရောက်မှာ ဖြစ်ပြီး မန္တလေးရှိ အပျော်စီးဆိုင်ကယ်အဖွဲ့နှင့်လည်း တွေ့ဆုံရန် အစီအစဉ်ရှိကြောင်းလည်း သိရှိရသည်။

ပုံများကိုကြည့်ရန်
Eastern Eagle Riders ဆိုင်ကယ်အဖွဲ့ နေပြည်တော်သို့ စတင် ထွက်ခွာ
16 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »