Latest News

Dropdown Menu

Tuesday, January 7, 2014

တာလေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် 10W ထပ်ဆင့် ရုပ်မြင့်သံကြားလွှင့်ရုံ တည်ဆောက်ရာသို့ နယ်စပ်ရေးရာ ၀န်ကြီးအဖွဲ့ သွားရောက် စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ အသိပညာ တိုးပွားရေးအား ရည်ရွယ်လျှက် 10W ထပ်ဆင့် ရုပ်မြင့်သံကြားလွှင့်ရုံကို တည်ဆောက်လျှက်ရှိရာ ဇန်န၀ါရီလ(၇)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် တာဝန်ရှိသူများသည် အဆိုပါ စက်ရုံတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် တာလေမြို့နယ်ခွဲ အမှတ်(၁)ရပ်ကွက်တွင် တည်ဆောက်လျှက်ရှိသော အလျား (၆၀)ပေ၊ အနံ(၅၀)ပေရှိ သံကူကွန်ကရစ်အမျိုးအစား (၃)ယူနစ် မီးသတ်တပ်ဖွဲ့ စခန်းနှင့် အလျား (၁၀၀)ပေ၊ အနံ(၂၅)ပေရှိ သံကူကွန်ကရစ် အမျိုးအစား (၄)ခန်းတွဲ ၀န်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းအား ဆက်လက် စစ်ဆေးကြည့်ရှု့ရာ တွဲဘက်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးကြည်သိန်း နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြရာ ပြည်နယ်ဝန်ကြီးက နိုင်ငံတော်မှ ပြည်သူ့ဘဏ္ဍာဖြင့် ဆောက်ရွက်လျှက်ရှိသော အဆောက်အဦများဖြစ်သည့် အတွက် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်ဝအောင် တည်ဆောက်ရန်နှင့် ကန်ထရိုက်တာများ အနေဖြင့်လည်း မိမိအကျိုးအမြတ်ထက် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးအား ပိုမိုအလေးထားပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသွားခဲ့ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။      ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »