Latest News

Dropdown Menu

Friday, January 17, 2014

ထိုင်းနိုင်ငံ မယ့်ဖလုံ မီးပွိုင့်အကွေ့၌ စိတ်ကြွဆေးပြား (၁)သိန်း ဖမ်းဆီးရရှိ

ထိုင်းနိုင်ငံ ချိန်းလိုင်းခရိုင် ရဲမှူးကြီး ၀မ်းချိန်းစုဝမ်းနစိလိခိတ် နှင့် မယ်ဆိုင်မြို့ရဲမင်းကြီး နတ္တ၀တ်ယုဝါ၀မ်း အပါအ၀င် ထိုင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့သည် ဇန်န၀ါရီလ(၁၆)ရက် ည(၁၁)နာရီအချိန်ခန့်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ ချက်ချင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အိမ်နီးချင်းနိုင်ငံမှ မယ်ဆိုင်မြို့နှင့် ချင်းရိုင်းအတွင်းသို့ မူးယစ်ဆေးဝါးများကို တရားမ၀င် နည်းလမ်းများဖြင့် သယ်ပို့ရန်ရှိသည်ဟု သတင်းရရှိထားရာမှ စိတ်ကြွဆေးပြား (၁)သိန်း နှင့် ရေခဲ (၂)ကီလို တို့ကို တရားခံတစ်ဦးနှင့်အတူ ယခုလို ဖမ်းဆီးရရှိကြောင်း သတင်းထုတ်ပြန်သည်ကို မယ်ဆိုင်သတင်းဌာနမှ သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့မှ ရရှိထားသော သတင်းအရ မသင်္ကာဖွယ်သတ်မှတ်ခံထားရသည့် တိုယိုတာကားတစ်စီးအား မျက်ခြေမပျက်စောင့်ကြည့်ရာမှ အဆိုပါ မသင်္ကာဖွယ်ကားတစ်စီးသည် ၎င်း၏ အနောက်တွင် ထိုင်းရဲများ လိုက်လံစောင့်ကြည့်နေကြောင်းကို ရိပ်မိသွားသည့်နောက် မယ့်ဖလုံ မီးပွိုင်လမ်းကွေ့အတိုင်း ကွေ့ပြေးရန် ပြင်ဆင်နေချိန်မှာ ထိုင်းရဲများက တားမြစ်လိုက်နိုင်သည့်အတွက် ကားပေါ်တွင် ပါလာသည့် (၂)ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိပြီး ကျန်တစ်ဦးမှာ ကားပေါ်မှ ပြေးဆင်း၍ ဈေးထဲသို့ ၀င်ရောက်ပြေးကာ လမ်းစပျောက်သွားကြောင်း သိရသည်။

ကျန်ရှိသည့် တစ်ဦးအား ရှာဖွေစစ်ဆေးရာမှာ Wy စာတမ်းပါ  စိတ်ကြွဆေးပြား (၁)သိန်း နှင့် ရေခဲ (၂)ကီလို တို့ကို ရှာဖွေတွေ့ရှိရ၍ ထိုင်းရဲများက ဖမ်းဆီးခဲ့ကြရာ တရားခံဖြစ်သူ ဦးနိုင်စုချပ်မှ ထိုင်းရဲများအား "ယခုဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများကို ၎င်းတို့အနေဖြင့် သယ်ပို့ခ ဘတ်(၅၀၀၀)ရ၍ သယ်ဆောင်ပေးတာဖြစ်ကြောင်း" ၀န်ခံထွက်ဆိုချက်ပေးကြောင်း မယ်ဆိုင်သတင်းဌာနမှ သိရှိရသည်။

Photo: MaesaiNewsOnline.com
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »