Latest News

Dropdown Menu

Friday, January 17, 2014

တာချီလိတ် မယ်ယန်းပူးပေါင်းဂိတ်၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိ

တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားများကို တရားခံနှင့်အတူ ဇန်န၀ါရီလ(၁၇)ရက် ညနေ (၄း၃၀)နာရီဝန်းကျင်ခန့်က ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ ခရီးသည်နှင့် ယာဉ်များအား ၀င်ထွက်သွားလာမှုကို စစ်ဆေးမှုများပြုလုပ်နေစဉ် မိုင်းကိုးဘက်မှ တာချီလိတ်ဘက်သို့ ဦးနမ့် မောင်းနင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၀၀)ပြားကို ရှာဖွေ တွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းမှ ဦးနမ့်အား မယ(ပ)၁၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »