Writen by
Tachileik News Agency
11:31 PM
-
0
Comments
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်ပြီး ပြည်နယ်ကျန်းမာရေးဦးစီးမှူး
ဒေါက်တာသန်းထွဋ်ဦး ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့် အထူးကုဆရာဝန်ကြီးများ ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး
ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းနှင့်အဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ၊ သတင်းမီဒီယာများ ပါဝင်သော အဖွဲ့သည် ယနေ့ ဇန်န၀ါရီ (၁၈)ရက် နံနက်ပိုင်းမှ စတင်ကာ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ပိန်းညောင်ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသခံ ပလောင်တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အထူးကုဆရာဝန်ကြီးများမှ သွားနှင့်ခံတွင်း၊ သားဖွား/မီးယပ် ၊ မျက်စိအထူးကု ၊ ကလေးအထူးကုနှင့် အထွေထွေရောဂါကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြပြီး တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အိုင်အိုဒင်းဆားနှင့် ကြက်ဥများ၊ အာဟာရဖြည့်စွက် အစားအစာများအား လှူဒါန်းပေးခဲ့ကြပါသည်။
ယင်းနောက် ပြည်နယ် လူမှုရေးဝန်ကြီးသည် ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွဋ်ဦး ၊ တွဲဖက်ပြည်နယ် ပညာရေးမှူး ဦးခွန်စိန်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့်တာဝန်ရှိသူများ လိုက်ပါလျှက် ရွှေတြိဂံပါရာဒိုက်စ်ဟိုတယ်၊ မြန်မာ-လာအို-ထိုင်း နယ်နမိတ်ကျောက်တိုင် ၊ ၀မ်ပုံကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ၀မ်ပုံပြည်သူ့ဆေးရုံတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုကာ လိုအပ်ချက်များအား ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။ ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Social Buttons