Writen by
Tachileik News Agency
10:45 PM
-
0
Comments
တာချီလိတ်မြို့ အ.ထ.က(တာချီလိတ်)မှ ကျောင်းသား၊ ကျောင်းသူဟောင်းများက တတိယအကြိမ်မြောက် မြတ်ဆရာ ပူဇော်ကန်တော့ပွဲ နှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ မိတ်ဆုံစားပွဲကို ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၂၆)ရက် ညနေ (၅)နာရီမှစ၍ (၁၀)နာရီအချိန်ထိ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရန်အတွက် စီစဉ်နေလျှက်ရှိရာ ရှိကြောင်းသိရသည်။

အဆိုပါ ကန်တော့ပွဲတွင် ကန်တော့မည့် ဆရာ၊ ဆရာမများအား အသက်(၅၀)နှစ်အထက် သတ်မှတ်ထားရာ ဆရာ၊ ဆရာမများ စုစုပေါင်း မြို့နယ်ပညာရေးမှူး နှင့် လက်ရှိ ကျောင်းအုပ်ဆရာကြီး အပါအ၀င် (၄၇)ဦး ရှိရာ ကန်တော့မည့် ဆရာ၊ ဆရာမများအား မြတ်ဆရာ ကန်တော့ပွဲ ဖြစ်မြောက်ရေး ကော်မတီမှ ဂရ၀ါပြုမှာ ဖြစ်သလို အခြားသော ကျောင်းသား/သူဟောင်းများအနေဖြင့်လည်း မိမိတို့၏ အစီအစဉ်ဖြင့် လက်ဆောင်ပဏာများဖြင့် လာရောက် ဂါရ၀ပြုလိုက ပြုနိုင်မှာဖြစ်ပြီး သိရသည်။
"ကျွန်တော်တို့ မြတ်ဆရာကန်တော့ပွဲဖြစ်မြောက်ရေး ကော်မတီအနေနဲ့လည်း ဆရာ/မများကို အမှတ်တရ ပစ္စည်းများနဲ့ ကန်တော့မှာပါ၊ အဲ့လိုပဲ ကျန်တဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းတွေကလည်း မိမိတို့ စေတနာအတိုင်း သီးခြားလာရောက်ပြီး လက်ဆောင်ပဏာများနဲ့ ကန်တော့ချင်တယ်ဆိုလည်း ရပါတယ်၊ လာရောက် ကန်တော့နိုင်ပါတယ်"ဟု မြတ်ဆရာကန်တော့ပွဲဖြစ်မြောက်ရေး ကော်မတီမှ
ကျောင်းသားဟောင်း တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

{ Cherry FM တွင် ဇန်န၀ါရီလ (၂၅)ရက်နေ့ထိ ကြော်ငြာထားသော အသံဖိုင်}
ကျောင်းသားဟောင်း တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons