Writen by
Tachileik News Agency
7:06 AM
-
0
Comments
ထိုင်းနိုင်ငံအတွင်း၌ ၎င်း၏အိမ်နီးချင်းနိုင်ငံများမှ လာရောက်၍ အလုပ် လုပ်ကိုင်နေကြသည့် အလုပ်သမားများ အမြှောက်အများရှိရာ တရားဝင် အလုပ်သမားများနှင့် တရားမ၀င် အလုပ်သမားများမှာ များသောအားဖြင့် လုပ်အားခနှိမ်ခြင်း၊ အထင်သေးခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရရှိခြင်းနှင့် အလုပ်ရှင်ထံမှ အလုပ်သမား အကျိုးခံစားခွင့်များ အပြည့်အ၀ မရရှိခြင်းများ စသည့် အလုပ်သမားပြဿနာများမှာ ချုပ်ငြိမ်းသွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေလျှက်ရှိကြောင်း သိရသည်။
အလုပ်သမားများ အခွင့်အရေးရရှိရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ Unite Thailand အဖွဲ့က ဦးဆောင်ပြီး "အသံမြည်သော တံတား"အမည်ခေါင်းစဉ်ဖြင့် အလုပ်သမားများအတွက် အခွင့်အရေးရရှိရန် ဟောပြောပွဲတခုကို ရက်ပိုင်းအတွင်းက ကျင်းပပြုလုပ်ရာ အဆိုပါ ဟောပြောမှု အခမ်းအနားသို့ ပစိဖိတ်ပတ်ဝန်းကျင် နှင့် စီးပွားရေးကွပ်ကဲအဖွဲ့၊ IOM နိုင်ငံခြားအလုပ်သမားရွေ့ပြောင်းရေးရာကော်မတီ၊
UNESCAP နှင့် World Vision စသည့်အဖွဲ့များမှ တက်ရောက်လာခဲ့ကြပြီး နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့်လည်း မိမိတို့ကိုယ်တိုင် အလုပ်သမားဥပဒေ နှင့် အလုပ်သမားအခွင့်အရေးများကို သိရှိပြီးမှသာ သွားရောက်လုပ်ကိုင်စေလိုကြောင်း နှင့် အလုပ်သား ဥပဒေနှင့် အခွင့်အရေးများကို ကြိုတင် လေ့လာထားသင့်ကြောင်း စသည့်တို့အား ဆွေးနွေးခဲ့ကြကြောင်းကို ဇန်န၀ါရီလ(၂၂)ရက်နေ့ထုတ် ထိုင်းနိုင်ငံ နေ့စဉ်သတင်းစာ၌ ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း၌ရှိသည့် အချို့သော တရားဝင် အလုပ်သမားများနှင့် တရားမ၀င် အလုပ်သမားများမှာ အလုပ်ပွဲစားများ၏ လိမ်ညာခေါ်ဆောင်လာမှုကြောင့် အလုပ်ကောင်းမရဘဲ အလုပ်ကြမ်းများကို လုပ်နေကြရကြောင်း နှင့် လုပ်အားခမှာလည်း ခေါင်းပုံဖြတ်မှုများ ရှိနေသည့်အပြင် လုပ်အားခ အနည်းအကျဉ်းမျှသာ ရရှိနေကြခြင်းများလည်း တွေ့ရှိရကြောင်း အဆိုပါ ဟောပြောမှုတွင် ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။
Photo: 1designer-clothing
အလုပ်သမားများ အခွင့်အရေးရရှိရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ Unite Thailand အဖွဲ့က ဦးဆောင်ပြီး "အသံမြည်သော တံတား"အမည်ခေါင်းစဉ်ဖြင့် အလုပ်သမားများအတွက် အခွင့်အရေးရရှိရန် ဟောပြောပွဲတခုကို ရက်ပိုင်းအတွင်းက ကျင်းပပြုလုပ်ရာ အဆိုပါ ဟောပြောမှု အခမ်းအနားသို့ ပစိဖိတ်ပတ်ဝန်းကျင် နှင့် စီးပွားရေးကွပ်ကဲအဖွဲ့၊ IOM နိုင်ငံခြားအလုပ်သမားရွေ့ပြောင်းရေးရာကော်မတီ၊ UNESCAP နှင့် World Vision စသည့်အဖွဲ့များမှ တက်ရောက်လာခဲ့ကြပြီး နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့်လည်း မိမိတို့ကိုယ်တိုင် အလုပ်သမားဥပဒေ နှင့် အလုပ်သမားအခွင့်အရေးများကို သိရှိပြီးမှသာ သွားရောက်လုပ်ကိုင်စေလိုကြောင်း နှင့် အလုပ်သား ဥပဒေနှင့် အခွင့်အရေးများကို ကြိုတင် လေ့လာထားသင့်ကြောင်း စသည့်တို့အား ဆွေးနွေးခဲ့ကြကြောင်းကို ဇန်န၀ါရီလ(၂၂)ရက်နေ့ထုတ် ထိုင်းနိုင်ငံ နေ့စဉ်သတင်းစာ၌ ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း၌ရှိသည့် အချို့သော တရားဝင် အလုပ်သမားများနှင့် တရားမ၀င် အလုပ်သမားများမှာ အလုပ်ပွဲစားများ၏ လိမ်ညာခေါ်ဆောင်လာမှုကြောင့် အလုပ်ကောင်းမရဘဲ အလုပ်ကြမ်းများကို လုပ်နေကြရကြောင်း နှင့် လုပ်အားခမှာလည်း ခေါင်းပုံဖြတ်မှုများ ရှိနေသည့်အပြင် လုပ်အားခ အနည်းအကျဉ်းမျှသာ ရရှိနေကြခြင်းများလည်း တွေ့ရှိရကြောင်း အဆိုပါ ဟောပြောမှုတွင် ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။
Photo: 1designer-clothing
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons