Latest News

Dropdown Menu

Saturday, January 25, 2014

တာချီလိတ်မြို့ လွယ်တော်ခမ်း၌ ဘိန်းဖြူ နှင့် ပစ္စတို တစ်လက် ဖမ်းဆီး သိမ်းဆည်း

ယနေ့ ဇန်န၀ါရီလ(၂၅)ရက် ညနေ(၅း၃)နာရီအချိန်ခန့်က တာချီလိတ်မြို့ လွယ်တော်ခမ်း စစ်ဆေးရေး ဂိတ်အနီး ချောင်းကူးတံတား၌ မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းတို့အား တရားခံနှစ်ဦးနှင့် အတူ ဖမ်းဆီးရရှိကြောင်း သတင်းရှိသည်။


ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့က လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်၌ ခရီးသွားယာဉ်များနှင့် ခရီးသည်များအား ရပ်တန့်ရှာဖွေ စစ်ဆေးနေစဉ် လွယ်တော်ခမ်း ချောင်းကူး တံတားပေါ်တွင် ပါကွေ့ရွာဘက်မှ တာချီလိတ်ဘက်သို့ မောင်ကျxx နှင့် ဦးလို့xxx တို့ နှစ်ဦး မောင်းနင်လာသည့် PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူမှုန့် (၁၁.၃)ဂရမ် နှင့် တရုတ်နိုင်ငံလုပ် Para-110076  နံပါတ်ပါ NORINCO အမျိုးအစား 9MM စတီးရောင် ပစ္စတိုသေနတ်(၁)လက် နှင့် ၎င်းကျည် (၈)တောင့်ထည့်ထားသည့် ကျည်ကပ်(၁)ခုတို့ကို ရှာဖွေတွေ့ရှိရ၍ ၎င်းတို့အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »