Latest News

Dropdown Menu

Saturday, January 25, 2014

ထိုင်းဆန္ဒပြ အဖွဲ့ခေါင်းဆောင် ဆူထေ့ က ၎င်းအား အသက်အန္တရာယ် ခြိမ်းခြောက်မှုများ မည်သို့ရှိစေ လာမည့် ရွေးကောက်ပွဲအား မအောင်မြင်အောင် တားမည်ဟုဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်းမှ အစပြုသော ဆန္ဒပြမှုများသည် ယခုအခါမှာ အနယ်နယ်အရပ်ရပ်သို့ ပြန့်ပွားပြီး ဆက်လက်သောင်းကျန်းနေဆဲဟာ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထေ့ သောင်ဆူဘန် ၏ လှုံ့ဆော်စည်းရုံးမှုကြောင့်ဟု သတ်မှတ်ကာ ၎င်းအား မလိုလားသူများမှ သုတ်သင်ရန်အတွက် ခြိမ်းခြောက်လာကြကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဆူထေ့ သောင်ဆူဘန် အနေဖြင့် ခြိမ်းခြောက်မှုတွေ မည်သို့ရှိစေ ဂရုမစိုက်ဘဲ အနယ်နယ် အရပ်ရပ်က ဆန္ဒပြပြည်သူတွေကို အစိုးရ သက်ဆိုင်ရာ ရုံးများအား ချီတက်ပိတ်စို့ဖို့ တိုက်တွန်းနေပြီး လာမည့် ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ ပြုလုပ်မည့် ရွေးကောက်ပွဲကို မအောင်မြင်အောင် တားဆီးပိတ်ပင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်ကို ဇန်န၀ါရီလ(၂၅)ရက်နေ့ထုတ် ထိုင်းနေ့စဉ် သတင်းစာ၌ ရေးသားဖော်ပြထားသည်။

ဆန္ဒပြအဖွဲ့တွေကို အကြမ်းဖက်နည်းဖြင့် ပြန်လည်၍ လုံးဝမတုံ့ပြန်ဖို့ ၀န်ကြီးချုပ် ယင်းလပ်က အမိန့် ထုတ်ပြန်ထားကြောင်းနှင့် ထိုင်းဘန်ကောက်ရဲ အာဏာပိုင်များက ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဆူထေ့ကို ဖမ်းဆီးရန်အတွက် အခွင့်အရေးစောင့်နေကြကြောင်းလည်း သိရှိရသည်။

ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဆူထေ့ကို အားပေးကြသော ပြည်သူလူထုမှာ တစတစဖြင့် အင်အားတိုးပွားလာရာ အချို့သော ပြည်သူများမှ လူအား ငွေအားဖြင့် ပါဝင်ဆင်နွှဲလာလျှက်ရှိကြောင်းသိရသည်။

Photo: AFP
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »