Writen by
Tachileik News Agency
12:23 AM
-
0
Comments
ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီ (၂)ရက်၊ ညနေ ( ၃ )နာရီ ( ၁၅ )မိနစ်ခန့်က လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဦးလော်တား၏ သားဖြစ်သူ မောင်ကျမူး (၃)နှစ်သားက မီးခြစ်ဖြင့် သက်ကယ်ပုံမီးရှို့ဆော့ကစားရာမှ မီးကူးစက်ကာ လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက ၀ိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့သဖြင့် ညနေ (၅) နာရီခွဲတွင် မီးညွန့်ကျိုးသွားခဲ့သည်။
ယင်းကျေးရွာတွင် လူနေအိမ်ခြေ (၃၆)အိမ်ရှိရာ မီးလောင်ကျွမ်းမှုကြောင့် ပျဉ်ကာသွပ်မိုး
(၆)အိမ်၊ ပျဉ်ကာသက်ကယ်မိုး(၁၃)အိမ်၊ ၀ါးကာသက်ကယ်မိုး (၄)အိမ် စုစုပေါင်း (၂၃)အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ခန့်မှန်ငွေကျပ် (၇၁)သိန်းကျော်ဖြစ်သည်။
ဒဏ်ရာရသူ အနည်းငယ်ရှိပြီး ၊ သေဆုံးသူ မရှိကြောင်းနှင့် မီးဘေးသင့်ကျေးရွာနေ ပြည်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ပံ့ပိုး ကူညီပေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဦးလော်တား၏ သားဖြစ်သူ မောင်ကျမူး (၃)နှစ်သားက မီးခြစ်ဖြင့် သက်ကယ်ပုံမီးရှို့ဆော့ကစားရာမှ မီးကူးစက်ကာ လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက ၀ိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့သဖြင့် ညနေ (၅) နာရီခွဲတွင် မီးညွန့်ကျိုးသွားခဲ့သည်။
(၆)အိမ်၊ ပျဉ်ကာသက်ကယ်မိုး(၁၃)အိမ်၊ ၀ါးကာသက်ကယ်မိုး (၄)အိမ် စုစုပေါင်း (၂၃)အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ခန့်မှန်ငွေကျပ် (၇၁)သိန်းကျော်ဖြစ်သည်။
သတင်းပေးပို့သူ ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons