Latest News

Dropdown Menu

Friday, January 3, 2014

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ မိုင်းဖြတ် တွင် ကျင်းပ

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော
အားဖြင့် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို  ယနေ့ ဇန်န၀ါရီ (၃)ရက်၊ မွန်းလွဲ (၁)နာရီခွဲက မိုင်းဖြတ် အခြေခံပညာအထက်တန်းကျောင်း၏ ရွှေလီ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး  က ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်းပြီး  ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က  လွတ်လပ်ရေးနေ့ နှင့် စာပေဖတ်ရှုခြင်း အကြောင်းအရာများကို
လည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်မာလာယော်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ဦးတည်ချက်များကို လည်းကောင်း  အသီးသီးဟောပြောကြသည်။


ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသည့်  ကျောင်းသားကျောင်းသူများ က  ပြသထားသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  နံရံကပ်စာစောင်များအား  လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ ။       ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
« PREV
NEXT »