Writen by
Tachileik News Agency
6:41 AM
-
0
Comments
၂၀၁၄ခုနှစ်၏ အစ ဇန်န၀ါရီလ (၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လိရွာ၌ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ စိတ်ကြွဆေးပြား (၄၉၀)ပြားအား တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လိရွာရှိ ဦးရှဲန်၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးရာမှ Wy ပါ စိတ်ကြွဆေးပြား (၄၉၀)အား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးနှင့် အတူ လက်ဝယ်တွေ့ရှိရသူ ဦးရှဲန်အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီလ (၁)ရက်တည်းမှာပင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိ (၄)မှုရှိခဲ့ပေမဲ့လည်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ အနည်းငယ်သာဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons