Writen by
Tachileik News Agency
4:05 AM
-
0
Comments
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၌ တာချီလိတ် မူးယစ်တပ်ဖွဲ့စု (၃၀)ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများကို ယနေ့ ဇန်န၀ါရီလ(၂၂)ရက် မွန်းလွဲပိုင်းက တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့ရွာရှာ နေအိမ်တစ်အိမ်၌ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ သတင်းရရှိထားသည့်အတွက် ၀င်ရောက် ရှာဖွေ စစ်ဆေးရာမှ ဘိန်းဖြူမှုန် (၇.၁)ဂရမ် နှင့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၄၇)ပြားတို့ကို တွေ့ရှိရ၍ လက်ဝယ်တွေ့ရှိရသူ ဦးဖိလစ်xxx နှင့် ဒေါ်ဆာxxx တို့အား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons