Latest News

Dropdown Menu

Wednesday, January 22, 2014

ဆန္ဒပြ ပြည်သူများအကြား ဗုံးခွဲသူကို ဖမ်းမိရန် သတင်းသဲလွန်စ ပေးနိုင်ပါက ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း ထိုင်းအစိုးရမှ ကြေငြာထား

လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ဖြစ်ပွားနေသော ဆန္ဒပြမှုများအား ဘန်ကောက်မြို့တော်မှစ၍ နေရာအနှံ့၊ မြို့နယ်အနှံ ဆက်တိုက်ဖြစ်ပွားရန် ကြိုးပမ်းနေကြပြီး ယင်းဆန္ဒပြမှုများကို ၀န်ကြီးချုပ်ဟောင်း သက်ဆင် နှင့် ၎င်း၏ ညီမဖြစ်သူ လက်ရှိ ယာယီ ၀န်ကြီးချုပ် ယင်းလပ်၏ ပါတီအဖွဲ့တစ်ခုလုံး ဖျက်သိမ်းပေးဖို့ တောင်းဆိုထားသည့် တောင်းဆိုချက်အား မပြည့်သ၍ ဆက်လက်၍ ပြင်းထန်စွာ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ယခု ရက်ပိုင်းက ဆန္ဒပြအဖွဲ့ခေါင်းဆောင်မှ ပြောကြားကြောင်းကို ထိုင်းမီဒီယာများမှ ဖော်ပြထားသည်။

ယင်း ဆန္ဒပြအဖွဲ့သည် တဖြေးဖြေးနှင့် အင်အားကြီးမားလာရာ ထိုင်းနိုင်ငံ ဆေးကျောင်းသား၊ ဆရာဝန်၊ သူနာပြု စသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများလည်း ပါဝင်လာကြပြီဖြစ်ကြောင်းနှင့် ထိုသို့ ပါဝင်လာသည့်ကိစ္စ နှင့် ပတ်သက်၍ ကျန်းမာရေးအဖွဲ့အစည်းမှ ဆန္ဒပြသော ပြည်သူများ၏ ကျန်းမာရေးကိစ္စများကို လိုက်လံစောင့်ရှောက်ပေးနိုင်ရန်အတွက် ပါဝင်လာရခြင်းဖြစ်ကြောင်း သိရသည်။

{ Photo: asiancorrespondent}

ဆက်လက်၍ ဆန္ဒပြအဖွဲ့တို့သည် ဘန်ကောက်မြို့ တရားရေးရာဝန်ကြီးဌာန နှင့် အထူးအမှုတွဲ စစ်ဆေးရေးဌာန ( ထိုင်း C.S.T )ရုံးရှေ့တို့တွင်လည်း ဆက်လက် ချီတက်ကာ ပိတ်ဆို့၍ ဆန္ဒပြဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆန္ဒပြပြည်သူများအကြား ဗုံးဖေါက်ခွဲမှုများနှင့် ပတ်သက်၍ ထိုင်းအစိုးရ ရဲအာဏာပိုင်များက ဗုံးဖေါက်ခွဲသည့် တရားခံများအား ဖမ်းမိရန် သတင်းသဲလွန်စ ပေးနိုင်ပါက ဆုငွေများ ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း ကြော်ငြာချက် ထုတ်ပြန်ထားသည်ကို ထိုင်းနိုင်ငံ နေ့စဉ်သတင်းစာမှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »