Latest News

Dropdown Menu

Wednesday, January 22, 2014

ဗီယက်နမ်၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တရားခံ ၃၀ ဦးအား သေဒဏ်ချမှတ်

ဗီယက်နမ်နိုင်ငံအတွင်း မူးယစ်ဆေးဝါး (၁၂)တန်ခန့်အား တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်၍ အမျိုးသား အမျိုးသမီး တရားခံ စုစုပေါင်း အယောက် (၃၀)တို့ကို ဗီယက်နမ် တရားဥပဒေအရ သေဒဏ်ပေးလိုက်ကြောင်း သိရသည်။

{ ဗီယက်နမ်တရားစီရင်ရေးမှ၊ Photo: EPA}

ဗီယက်နမ်တရားဥပဒေအရမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လူတစ်ဦးတွင် မူးယစ်ဆေးဝါး (၁၀၀)ဂရမ်ထက်ပို၍ အများအပြား လက်ဝယ်ထားရှိပါက သို့မဟုတ် ပိုင်ဆိုင်ထားပါက ၎င်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ သေဒဏ်အထိ ချမှတ်နိုင်ကြောင်းနှင့် မူးယစ်ဆေးဝါး ပိုင်ဆိုင်မှု အနည်းအများ မူတည်၍လည်း ပြစ်ဒဏ်များ ချမှတ်နိုင်သည့်အပြင် လူကုန်ကူးမှုသည်လည်း အဆိုပါ အတိုင်း ချမှတ်နိုင်ကြောင်း ဗြိတိန်နေ့စဉ်သတင်းစာ၌ ရေးသားဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ Quảng Ninh ခရိုင်တရားရုံးက ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းမိသော တရားခံများမှာ (၈၉)ယောက်ရှိပြီး ၎င်းတို့အား တရားဥပဒေအတိုင်း ပစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများမှာ ဗီယက်နမ်နိုင်ငံအတွင်း အ၀င်များပြီး ပါကစ္စတန် နှင့် အာဖကန်နစ္စတန် စသည့် နိုင်ငံခြားသို့လည်း တဆင့် ပြန်လည်၍ တရားမ၀င် ရောင်းချကြောင်းနှင့် မြန်မာ - ထိုင်း နယ်စပ်ဒေသသည် ကမ္ဘာတွင် ဒုတိယအဆင့် အဖြစ် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည့်အပြင် ထိုင်းနိုင်ငံ နယ်စပ်မှ ဘန်ကောက်မြို့အထိ တရားမ၀င် လမ်းကြောင်းအမျိုးမျိုးဖြင့် ခိုးဝင်သယ်ဆောင်ရန် ကြိုးစားနေကြကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်းသတင်းဌာနတစ်ခုတွင် ရေးသားဖော်ပြထားသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »