Writen by
Tachileik News Agency
11:51 PM
-
0
Comments
မြန်မာ၊ ထိုင်း၊ တရုတ် နှင့် လာအို စသည့် လေးနိုင်ငံ ကုန်တင်သဘောင်္များ အနေဖြင့် လတ်တလော ကာလအတွင်း အခက်အခဲဖြစ်ပေါ်နေသည့် မဲခေါင်မြစ်ရေ သိသိသာသာ ခမ်းလာသည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒေသရေဆိပ် အမှတ်(၁)မှ ဦးစီးမှူး ဆုံးကလုတ် ဒုန်းဟာခလန်းက ပြီးခဲ့သည့် ရက်ပိုင်းက ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းချက်တွင် ထိုင်း၊ တရုတ်၊ လာအို၊ မြန်မာ သဘောင်္များအနေဖြင့် တစ်လလျှင် အခေါက် (၈၀၀)မှ အခေါက်ရေ(၉၀၀)ထိ သယ်ယူပို့ဆောင် သွားလာနေပြီး စီးပွားရေး ကာလဆိုလျှင် အခေါက်ရေ (၁၁၀၀)မှ အခေါက်ရေ(၁၄၀၀)ခန့်ထိ ရှိခဲ့ကြောင်း ယခုတစ်ပတ် နှစ်ပတ်အတွင်းမှာ အခေါက်ရေ လျော့သွားရခြင်းသည် မဲခေါင်မြစ်ရေဟာ သိသိသာသာ ခမ်းလာသည့်အတွက် အလေးချိန် တန် ၁၀၀ - ၁၅၀ သဘောင်္ကြီးများ အသွားအလာ ခက်ခဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်းနှင့် အဓိက ရေတိမ်သော ရေဆိပ်မှာ ချိန်းဆဲန်ရေဆိပ်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသွားသည်။
မဲခေါင်မြစ်အတွင်း ရေခမ်းလာသည့်အခါမှာ ရေလွှဲအားနည်းခဲ့ရသည့် ကိစ္စမှာ တရုတ်ပြည်၌ ရေတမံ ပြုပြင်ဆောက်လုပ်နေသည့် အတွက် ရေလွှဲအားနည်းခဲ့ရတာဖြစ်ပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နောက်ပိုင်းမှာ ပြုပြင်ဆောက်လုပ်မှုပြီးဆုံးမဲ့ အဆိုပါ ရေတမံသည် သာမန်ထက်ပိုမို၍ ရေလွှဲအား ကောင်းလာနိုင်ဖွယ်ရှိလာနိုင်ကြောင်း ကုန်တင်သင်္ဘောသားများက မျှော်လင့်ထားကြကြောင်း သိရှိရသည်။
အဆိုပါ ရှင်းလင်းချက်တွင် ထိုင်း၊ တရုတ်၊ လာအို၊ မြန်မာ သဘောင်္များအနေဖြင့် တစ်လလျှင် အခေါက် (၈၀၀)မှ အခေါက်ရေ(၉၀၀)ထိ သယ်ယူပို့ဆောင် သွားလာနေပြီး စီးပွားရေး ကာလဆိုလျှင် အခေါက်ရေ (၁၁၀၀)မှ အခေါက်ရေ(၁၄၀၀)ခန့်ထိ ရှိခဲ့ကြောင်း ယခုတစ်ပတ် နှစ်ပတ်အတွင်းမှာ အခေါက်ရေ လျော့သွားရခြင်းသည် မဲခေါင်မြစ်ရေဟာ သိသိသာသာ ခမ်းလာသည့်အတွက် အလေးချိန် တန် ၁၀၀ - ၁၅၀ သဘောင်္ကြီးများ အသွားအလာ ခက်ခဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်းနှင့် အဓိက ရေတိမ်သော ရေဆိပ်မှာ ချိန်းဆဲန်ရေဆိပ်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသွားသည်။မဲခေါင်မြစ်အတွင်း ရေခမ်းလာသည့်အခါမှာ ရေလွှဲအားနည်းခဲ့ရသည့် ကိစ္စမှာ တရုတ်ပြည်၌ ရေတမံ ပြုပြင်ဆောက်လုပ်နေသည့် အတွက် ရေလွှဲအားနည်းခဲ့ရတာဖြစ်ပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နောက်ပိုင်းမှာ ပြုပြင်ဆောက်လုပ်မှုပြီးဆုံးမဲ့ အဆိုပါ ရေတမံသည် သာမန်ထက်ပိုမို၍ ရေလွှဲအား ကောင်းလာနိုင်ဖွယ်ရှိလာနိုင်ကြောင်း ကုန်တင်သင်္ဘောသားများက မျှော်လင့်ထားကြကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons