Writen by
Tachileik News Agency
12:22 AM
-
0
Comments
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၊ နမ့်အွန်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ၌ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ ဖေဖော်ဝါရီလ (၆)ရက် နံနက် (၈း၃၀)နာရီအချိန်ခန့်က မူးယစ်ဆေးဝါးများကို တရားခံနှင့်အတူ ဖမ်းဆီးရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မူဆယ်မြို့၊ နမ့်အွန်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ အိုက်စံxxx၏ နေအိမ်ဖြစ်သော အိမ်အမှတ်(ဆခ/xxxx)အား နေအိမ်ရှာဖွေဝရမ်း အမှတ်(၅/၂၀၁၄)ဖြင့် ၀င်ရောက် ရှာဖွေစ်ဆေးရာမှ ၎င်း၏ အိမ်ယာဘေးတွင် အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားပြီး ရောင်စုံ ပလပ်စတစ် ဆပ်ပြာခွက်များအတွင်း ပလပ်စတစ်အိတ်ငယ်များဖြင့် ထည့်လျှက် ဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူ(၁၂)ဂရမ်ခန့်စီပါသည့် ဆပ်ပြာခွက် (၁၀)ခွက်ကို တွေ့ရှိရသည်ဖြစ်ရာ အဆိုပါ ခွက်များအတွင်း တွေ့ရှိရသည့် ဘိန်းဖြူများမှာ (၁၂၀)ဂရန်ခန့်ရှိပြီး ကာလတန်ဖိုးအနေဖြင့် ကျပ်ငွေ (၂၄)သိန်းဝန်းကျင် တန်ဖိုးရှိကြောင်း သိရသည်။
ဆက်လက်၍ ရှာဖွေရာ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88 နှင့် 1 စာတန်း တစ်ဖက်စီပါသည့် နီညိုရောင် စိတ်ကြွဆေးပြား (၅၇၀)ပြားတို့ကို ရှာဖွေတွေ့ရှိရာ ဘိန်းဖြူနှင့် အဆိုပါ စိတ်ကြွဆေးပြားတို့၏ ကာလတန်ဖိုးမှာ ကျပ်(၃၅)သိန်းဝန်းကျင် ရှိကြောင်း သိရသည်။
တဆက်တည်းမှာပင် မူးယစ်ဆေးဝါးများအား တဆင့်ပြန်လည်ရောင်းချရန်အတွက် လက်ဝယ် သိမ်းဆည်းထားရှိသူ အိုက်စံxxxအား မူဆယ်မြို့မရဲစခန်းမှ မယ(ပ)၁၃/၂၀၁၄၊ မူး/စိတ် ပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons