Writen by
Tachileik News Agency
11:33 PM
-
0
Comments
ယနေ့ ဖေဖော်ဝါရီလ(၇)ရက်မှာ ကျရောက်သည့် (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအပိုင်နေရာ အဆောက်အဦမှာ နံနက်(၈)နာရီက စတင်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ လူဦးရေ(၂၀၀၀)၀န်းကျင်ခန့် တက်ရောက်လာခဲ့ကြသည်။
အဆိုပါ အခမ်းအနားအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ဦးစိုင်းနွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံ နှင့် ရှမ်းပြည်အလံအား အခြေခံပညာ အထက်တန်း(ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း)၏ ဘင်ခရာတို့ဖြင့် သံပြိုင်သီးမှုတ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ အလေးပြုခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ပေးပို့လာသော ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ထံမှ ပေးပို့သော ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ဖတ်ကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ၊ နိုင်ငံရေးအတိုင်ပင်ခံ ဦးစိုင်ပင်ခမ်း တို့မှ ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖတ်ကြားတင်ပြသွားပြီး အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးအားလယ်က ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ နေသွားကြရန် ပြောကြားသွားပြီး ဦးစိုင်းထမ်းမ၀ုန်းမှ အခမ်းအနားဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီ လုပ်ဆောင်ကြသူများကို ကျေးဇူးတင်ရှိပါကြာင်း ပြောကြား၍ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။
"အခုအခမ်းအနားကတော့ ပါတီတစ်ခုတည်းကနေ လုပ်တာမဟုတ်ပဲ၊ တာချီလိတ်ခရိုင်ထဲမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းပြီး ပြုလုပ်ထားတာပါ၊ ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တာမို့ အားလုံးကို ကိုယ်စားပြုပြီး စည်ကားသိုက်မြိုက်အောင် ပြုလုပ်ကြတာပါ၊ နောက်နှစ်လည်း ဒီနေရာမှာပဲ ဆက်လုပ်ဖြစ်သွားမယ်လို့တော့ ယူဆရပါတယ်"ဟု ရှမ်းပြည်နယ်နေ့ဖြစ်မြောက်ရေး
ကော်မတီဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
အဆိုပါ ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် တိုင်းရင်းသားများ၊ ဧည့်သည်တော်များ နှင့် မည်သည့် တိုင်းရင်းသားများမဆို လွယ်ကူလွတ်လပ်စွာ စားသုံးနိုင်ရန်အတွက် စားသောက်ဖွယ်ရာများကို စီစဉ်ပေးထားတာကိုလည်း တွေ့ရှိရသည်။
သုံးရက်တိုင်တိုင် ကျင်းပသည့် အဆိုပါ ပွဲတော်သို့ တာချီလိတ်မြို့နယ် အပါအ၀င် မိုင်းလား၊ မိုင်းတုံ၊ မိုင်းဖြတ် နှင့် မိုင်းပျဉ်း၊ တာလေမြို့နယ်ခွဲ စသည့် မြို့နယ်များမှ တိုင်းရင်းသားများမှ လာရောက်၍ ဆင်နွှဲကြတာဖြစ်ပြီး တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်နေ့ကို နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း အခမ်းအနားမျိုးဖြင့် ၂၀၁၃ခုနှစ်က စတင်၍ အောင်မြတ်ခန်းမ၌ ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါမှာ ဒုတိယအကြိမ်အဖြစ် စည်ကား သိုက်မြိုက်စွာဖြင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာမှာ ကျင်းပပြုလုပ်သွားခဲ့ကြတာဖြစ်ပါသည်။
ပုံများကိုကြည့်ရန်
အဆိုပါ အခမ်းအနားအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ဦးစိုင်းနွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံ နှင့် ရှမ်းပြည်အလံအား အခြေခံပညာ အထက်တန်း(ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း)၏ ဘင်ခရာတို့ဖြင့် သံပြိုင်သီးမှုတ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ အလေးပြုခဲ့ကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ၊ နိုင်ငံရေးအတိုင်ပင်ခံ ဦးစိုင်ပင်ခမ်း တို့မှ ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖတ်ကြားတင်ပြသွားပြီး အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးအားလယ်က ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ နေသွားကြရန် ပြောကြားသွားပြီး ဦးစိုင်းထမ်းမ၀ုန်းမှ အခမ်းအနားဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီ လုပ်ဆောင်ကြသူများကို ကျေးဇူးတင်ရှိပါကြာင်း ပြောကြား၍ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။
ကော်မတီဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
အဆိုပါ ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် တိုင်းရင်းသားများ၊ ဧည့်သည်တော်များ နှင့် မည်သည့် တိုင်းရင်းသားများမဆို လွယ်ကူလွတ်လပ်စွာ စားသုံးနိုင်ရန်အတွက် စားသောက်ဖွယ်ရာများကို စီစဉ်ပေးထားတာကိုလည်း တွေ့ရှိရသည်။
သုံးရက်တိုင်တိုင် ကျင်းပသည့် အဆိုပါ ပွဲတော်သို့ တာချီလိတ်မြို့နယ် အပါအ၀င် မိုင်းလား၊ မိုင်းတုံ၊ မိုင်းဖြတ် နှင့် မိုင်းပျဉ်း၊ တာလေမြို့နယ်ခွဲ စသည့် မြို့နယ်များမှ တိုင်းရင်းသားများမှ လာရောက်၍ ဆင်နွှဲကြတာဖြစ်ပြီး တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်နေ့ကို နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း အခမ်းအနားမျိုးဖြင့် ၂၀၁၃ခုနှစ်က စတင်၍ အောင်မြတ်ခန်းမ၌ ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါမှာ ဒုတိယအကြိမ်အဖြစ် စည်ကား သိုက်မြိုက်စွာဖြင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာမှာ ကျင်းပပြုလုပ်သွားခဲ့ကြတာဖြစ်ပါသည်။
ပုံများကိုကြည့်ရန်
120 photos
101 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons