Writen by
Tachileik News Agency
10:39 PM
-
0
Comments
(၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ (၇)ရက်၊ နံနက် (၉) နာရီက မိုင်းဖြတ်မြို့နယ်ရှိ ဘုရင့်နောင်ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားပြည်သူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊တိုင်းရင်းသားပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား အလေးပြုသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ၂၀၁၄ခုနှစ်၊ (၆၇)နှစ်ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က ဖတ်ကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် ထံမှ ပေးပို့သော သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ဖတ်ကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်း၊ အာခါ လားဟူတိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်(၁၀)သိန်းစီအား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons