Latest News

Dropdown Menu

Sunday, February 16, 2014

ဆန်ဆိုင်း(ခ)ရက်ကွက် အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်စီစစ်ရန် ရပ်မိရပ်ဖ ၅ ဦးရွေး

တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်ပေါင်း (၆)ရပ်ကွက်ရှိရာ ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ထုတ်ပြန်ချက်အရ ထပ်မံ၍ ရပ်ကွက်(၅)ရပ်ကွက် တိုးလာမှာဖြစ်ပြီး စုစုပေါင်း မြို့ပေါ်(၁၁)ရပ်ကွက် ရှိလာမှာ ဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ပါရှိသော ဆန်ဆိုင်း(ခ)ရပ်ကွက်အတွက် ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ရပ်မိရပ်ဖ (၅)ဦး ကော်မတီကို ဦးစွာရွေးချယ်သည့် အခမ်းအနားအား သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်မှာ ပြုလုပ်ခဲ့ကြသည်။


ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန် ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်သည့်အခါ စီစစ်ကြပ်မတ်ပေးနိုင်ရန်အတွက် လိုအပ်သည့် ရပ်မိရပ်ဖ (၅)ဦး ကော်မတီ ရွေးချယ်ရာမှာ ဆန်ဆိုင်း(ခ)ရက်ကွက် အတွင်းမှ အိမ်ထောင်စု အရေအတွက် (၁၇၀)ကျော် တက်ရောက်လာခဲ့ကြပြီး ရပ်မိရပ်ဖအဖြစ် ရွေးချယ်လိုသူများကို တက်ရောက်လာသူများက အဆိုပြုတင်သွင်းကြသည်။

အဆိုပြုထားသူများထဲတွင် ဦးစိုင်းဝန်းယင်း၊ ဦးစိုင်းနန်ဥ၊ ဦးစိုင်းလုံဟောင်၊ ဦးငယ်ငယ်ထွန်း၊ ဦးအွန်ဆော့၊ ဦးတိုးလှိုင်၊ ဦးစိုင်းနော်ခမ်း နှင့် ဦးစိုင်းထွန်းစိန် စသည့် (၈)ဦးပါဝင်ပြီး (၅)ဦးအား ရွေးချယ်နိုင်ရန်အတွက် ထပ်မံ၍ မဲပေးစနစ်ဖြင့် ပြုလုပ်ရာ ဦးစိုင်းထွန်းစိန် (၁၅၃)မဲ၊ ဦးစိုင်းလုံဟောင်(၁၄၉)မဲ၊ ဦးငယ်ငယ်ထွန်း(၁၃၇)မဲ၊ ဦးအွန်ဆော့(၁၂၈)မဲ နှင့် ဦးတိုးလှိုင်(၁၁၀)မဲ တို့ဖြင့် အဆိုပါ မဲအများဆုံးရရှိသူ (၅)ဦးအား ရပ်မိရပ်ဖ(၅)ဦးကော်မတီအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြသည်။


အဆိုပါ ရွေးချယ်မှုအား တာချီလိတ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင်၊ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် အထောက်ကူပြုအဖွဲ့ဝင်များ နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၏ ယာယီ အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် အဖွဲ့ဝင်များမှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ ယခုရွေးချယ်ထားသော ရပ်မိရပ်ဖ အမည်စာရင်းများအား အဆိုပါကြီးကြပ်အဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြသွားမှာဖြစ်ပြီး ယင်းနောက် ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်မှုကို ယခုအတိုင်းပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဆန်ဆိုင်း(ခ)ရက်ကွက်၌ ရပ်မိရပ်ဖ ၅ ဦးရွေး
50 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »