Latest News

Dropdown Menu

Sunday, February 16, 2014

လူငယ်နှစ်ဦးထံမှ ကျပ်သိန်းပေါင်း ၄၈၇၅ သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများ နမ့်ခမ်းမြို့၌ ဖမ်းဆီးရရှိ

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ နမ်းခမ်းမြို့ မှ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ သွားသည့် မန့်ဟောင်းကူးတို့ဆိပ်မှာ စိတ်ကြွဆေးပြား (၂၄၃၇၅၀)ပြား ကာလတန်ဖိုးအားဖြင့် ကျပ်ငွေသိန်းပေါင်း (၄၈၇၅)သိန်းခန့်အား မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ(၁၆)ရက် ညနေ(၅း၄၅)နာရီ အချိန်ခန့်က တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ  နောင်တောင်းမြို့သို့ သွားသည့် မန့်ဟောင်းကူတို့ဆိပ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ ကြိုတင်စောင့်ဆိုင်းနေကြစဉ် နမ်းခမ်းဘက်မှ မန့်ဟောင်း ကူးတို့ဆိပ်ဘက်သို့ မော်ဆင်ဝမ်xxx(ကျား) နှင့် ကျိုးဖန်ကတ်xxx(မ) တို့ နှစ်ဦး စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ အဆိုပါ နှစ်ဦးကြားတွင် တင်ဆောင်လာသည့် POLO တံဆိပ်ပါ အနက်ရောင် ခရီးဆောင်အိတ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှာဖွေတွေ့ရှိရကြောင်းသိရသည်။


ရှာဖွေတွေ့ရှိရသည့် စိတ်ကြွဆေးပြားများမှာ Wy စာတန်းပါသည့် ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားဖြစ်ပြီး (၁)ထုပ်လျှင် (၁၉၅)ပြားပါ (၁၀)ထုပ်စီး၊ (၅)ထုပ်စီပါသည့် အထုပ်ကြီး (၂၅)ထုပ်၊ စုစုပေါင်း ဆေးပြားထုပ်ပေါင်း (၁၂၅၀)ထုပ်ရရှိပြီး စုစုပေါင်း ဆေးပြားမှာ (၂၄၃၇၅၀)ပြားရှိရာ ကာလတန်ဖိုးအားဖြင့် ကျပ်ငွေသိန်းပေါင်း(၄၈၇၅)သိန်းခန့်ရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အသက်(၂၀)နှစ်ရှိ မော်ဆင်ဝမ်xxx(ကျား) နှင့် အသက်(၁၈)နှစ်ရှိ ကျိုးဖန်ကတ်xxx(မ)တို့ နှစ်ဦးအား နမ့်ခမ်းမြို့မရဲစခန်းမှ မယ(ပ)၁၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၂၀(ခ)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »