Writen by
Tachileik News Agency
7:33 PM
-
0
Comments
ထိုင်းနိုင်ငံ မဲဆောက်မြို့ နှင့် မြန်မာနိုင်ငံ မြ၀တီမြို့တို့အကြား ရှေ့ဆက်ပြီး နှစ်နိုင်ငံ သတင်း အချက်အလက် အပြန်အလှန်ဖလှယ်နိုင်ရန်အတွက် ယခုရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံ မဲဆောက်မှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ထိုသို့ လက်မှတ်ရေးထိုးရာမှာ မဲဆောက်မြို့ပိုင်မင်း နှင့် မဲဆောက် အာရှသတင်းထောက် အသင်းခေါင်းဆောင် ဦးနိုင်ဖိခြစ် ဖလုစာစိုဖား အပါအ၀င် စစ်ဖက်ရေးရာမှ အရာရှိများ၊ တက်ခရိုင် လ၀ကဦးစီးမှူး နှင့် ထိုင်းသတင်းထောက်အသင်းတို့က မြန်မာနိုင်ငံ မြ၀တီမြို့ သတင်းထောက် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး အပါအ၀င် အဖွဲ့ဝင် ကိုးဦး တို့နှင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းသို့ လက်မှတ်ရေးထိုးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ထိုင်း-မြန်မာ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို တို့မှ သတင်းထောက်များ ခင်မင်ရင်းနှီး၍ သတင်းများ အပြန်အလှန် ဖလှယ်နိုင်ရန် နှင့် နှစ်နိုင်ငံ သတင်းဖြန့်သော နေရာ ဌာနများသို့ သွားရောက် လေ့လာ၍ အပြန်အလှန် ဖလှယ်နိုင်ရန် အတွက် ဖြစ်ကြောင်း သိရှိရသည်။
{Photo: Thairath}

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons