Latest News

Dropdown Menu

Tuesday, February 4, 2014

တာချီလိတ်၌ စာရေးဆရာ နှစ်ဦးဖြင့် စာပေဟောပြောပွဲ ကျင်းပမည်

တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ တတိယအကြိမ်မြောက် စာပေဟောပြောပွဲကို စာရေးဆရာ ဦးဘုန်း(ဓါတု) နှင့် စာရေးဆရာ ညီမင်းညိုတို့ဖြင့် တာချီလိတ်မြို့အောင်မြတ်ခန်းမ၌ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် မှ ဖေဖော်ဝါရီလ(၇)ရက်နေ့ထိ (၂)ညတိုင်တိုင် ည(၇)နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။


စာပေဟောပြောပွဲ မကျင်းပမီ ဖေဖော်ဝါရီလ (၆)ရက် နံနက်(၉)နာရီ အချိန်တွင် တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ အာခါဈေးလမ်းကြားရှိ တည်နေရာ၌ မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်)၏ ရုံးခန်းသစ်ဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »