Latest News

Dropdown Menu

Wednesday, February 12, 2014

ရှမ်းရှေ့၏ ပထမဆုံးအဖြစ် ခရိုင်အဆင့် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ တာချီလိတ်၌ စတင်ကျင်းပ

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် ပထမဦးဆုံးကျင်းပပြုလုပ်သည့် အဆင့်မြင့် ကလပ် ဘောလုံး အသင်း (၉)သင်းပါဝင်သည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဖလား ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့မှာ တာချီလိတ်မြို့၊ မြို့မအားကစားကွင်း၌ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားဖြင့် ညနေ (၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။



  အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး မှ အားကစား သမားများနှင့် ပတ်သက်၍ ရိုးသား ကြိုးစား၍ ယှဉ်ပြိုင်သွားကြရန် စသည်ဖြင့် အမှာစကား ပြောကြားသွားပြီး ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၈၅)ဦး ပါဝင်သည့် ပန်းပွားအကအဖွဲ့ နှင့် ဘင်ခရာအတီးအမှုတ်အဖွဲ့တို့မှ အိုလံပစ် သင်္ကေတနှင့် TACHILEIK စာလုံးဖော်၍ ဖျော်ဖြေသွားခဲ့ကြသည်။


ယခု ပြိုင်ပွဲတွင် ကလပ်အသင်းများအနေဖြင့် အာခါ FC ၊ ဂျိမ်းဖေါရတနာ FC ၊ The Banner FC ၊ Golden Dragon FC ၊ i-Store FC ၊ TarLay FC ၊ Steel Men FC ၊ ရွှေအောင်မြင် FC နှင့် တောင်ပေါ်သား FC စသည့် ကလပ်အသင်း (၉)သင်း ပါဝင်ရာ ပြိုင်ပွဲ၏ ကာလကို ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ မတ်လ(၄)ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိရသည်။

ဖွင့်ပွဲ၏ ပွဲဦးထွက် ပြိုင်ပွဲအဖြစ် အာခါ FC နှင့် ဂျိမ်းဖေါရတနာ FC တို့ ယှဉ်ပြိုင်သွားကြရာ အာခါ FC မှ ဂျိမ်းဖေါရတနာ FC အား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ခရိုင်အဆင့် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတာချီလိတ်၌စတင်
78 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »