Latest News

Dropdown Menu

Friday, February 7, 2014

တာချီလိတ်မြို့ မိုင်းကိုး ကျေးရွာအုပ်စု၌ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိ

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၃)ကျေးရွာ အိမ်အမှတ်(--)မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားများအား ယနေ့ ဖေဖော်ဝါရီလ(၇)ရက် နေ့လည် (၁၁)နာရီအချိန်ခန့်က တရားခံ(၅)ဦးနှင့် အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၃)ကျေးရွာ အိမ်အမှတ်(--)မှာ မူးယစ်ဆေးဝါးများ တရားမ၀င်ရောင်းချနေကြောင်း သတင်းရရှိသည့်အတွက် သွားရောက် ရှာဖွေစစ်ဆေးရာ အဆိုပါ နေအိမ်တွင် အိမ်ရှင်ဖြစ်သူ ဒေါ်နာxxx၊ နှင့်အတူ ဒေါ်ဟားxxx၊ မောင်ကျလောxxx၊ မောင်လောရှီး နှင့် မောင်အားတို့ (၅)ဦးအား အသင့်တွေ့ရှိနေရပြီး ဆက်လက်ရှာဖွေစစ်ဆေးရာ အိမ်ရှင်ဖြစ်သူ ဒေါ်နာxxx ထံမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၉၂)ပြား နှင့် ထိုင်းဘတ်ငွေ (၁၉၈၀)ဘတ် တို့အား သိမ်းဆည်းရရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၂၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ  အရေးယူထားရှိကြောင်း သိရသည်။


တဆက်တည်းမှာပင် ဒေါ်ဟားxxxထံမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၀၀)ပြားအား သိမ်းဆည်းရရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၂၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ  လည်းကောင်း၊ မောင်လောရှီးxxထံမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၉၈)ပြား နှင့် ထိုင်းဘတ်ငွေ (၄၁၀၀)ဘတ် တို့အား သိမ်းဆည်းရရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၂၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ  လည်းကောင်း၊ မောင်ကျလောxxထံမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၃)ပြားအား သိမ်းဆည်းရရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၂၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ လည်းကောင်း၊ မောင်အားxxထံမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄)ပြားအား သိမ်းဆည်းရရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၂၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ အသီးသီး အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။ 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »