Writen by
Tachileik News Agency
10:25 AM
-
0
Comments
တာချီလိတ်မြို့၌ တရားပွဲများကို အဓိက ပြုလုပ်လေ့ရှိသည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ (၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် တရားပွဲကို ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဓမ္မပူဇာဓမ္မသဘင်ဆင်ယင် ကျင်းပပြုလုပ်ခဲ့ကြရာ ယနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့ နောက်ဆုံးည တရားပွဲတွင် ယောဆရာတော် ဘုရားကြီးမှ တရားတော်ဟောကြားတော်မူခဲ့ပြီး အဆိုပါ အဖွဲ့၏ (၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲအား အောင်မြင်စွာဖြင့် ပြီးမြောက်ခဲ့ကြသည်။
(၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲအား ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တရားပွဲပြုလုပ်ရာ နောက်ဆုံးပိတ်ဆရာတော်မှာ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ယောဆရာတော်ဘုရားကြီး ဖြစ်ပြီး ဆရာတော်ဘုရားမှ နှစ်ညတိုင်တိုင် တရားတော် ဟောကြားတော်မူရာ ပထမညတွင် "ကိုယ့်ဟာရှာ ကိုယ်မှာတွေ့" နှင့် ဒုတိယ ညတွင် "ကောင်းတာရှာ လူမှာတွေ့"စသည့် တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူခဲ့သည်။
ယောဆရာတော်ဘုရားကြီး ဟောကြားမည့် နောက်ဆုံးနှစ်ညတရားပွဲအား ဖြစ်မြောက်ရန်အတွက် အလှူရှင်မှာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ ၀ိရောစန အား အမှူးထား၍ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို သမီး မမြတ်ပိုးငုံ၊ သား မောင်ထွန်းထက်အောင် + မနန်းတစ်ဝမ်းနီး၊ မြေး မသီရိရတနာ(ခ)နန်းဆုဝမ်းဟိန်း မိသားစု (ဟိုတယ်တာချီလိတ်၊ ဘုရင့်နောင်ဈေး၊ ဟိန်းထက်အောင် ဆောက်လုပ်ရေးအင်အားစု)တို့မှ ကုသိုလ်ယူ လှူဒါန်းတာဖြစ်ပြီး အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး လူငယ်များနှင့် ကျန်အလှူရှင်များမှ ဖြည့်စွတ်လှူဒါန်းကြတာဖြစ်ကြောင်း သိရသည်။
(၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲကို ၂၀.၁.၂၀၁၄ မှ ၇.၂.၂၀၁၄ ထိ ရက်ရှည် ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆက်လက်၍ မတ်လထဲတွင်လည်း တရားပွဲများကို ကျင်းပသွားရန် ရှိကြောင်းလည်း သိရသည်။
ပုံများကိုကြည့်ရန်
(၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲအား ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တရားပွဲပြုလုပ်ရာ နောက်ဆုံးပိတ်ဆရာတော်မှာ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ယောဆရာတော်ဘုရားကြီး ဖြစ်ပြီး ဆရာတော်ဘုရားမှ နှစ်ညတိုင်တိုင် တရားတော် ဟောကြားတော်မူရာ ပထမညတွင် "ကိုယ့်ဟာရှာ ကိုယ်မှာတွေ့" နှင့် ဒုတိယ ညတွင် "ကောင်းတာရှာ လူမှာတွေ့"စသည့် တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူခဲ့သည်။
(၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲကို ၂၀.၁.၂၀၁၄ မှ ၇.၂.၂၀၁၄ ထိ ရက်ရှည် ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆက်လက်၍ မတ်လထဲတွင်လည်း တရားပွဲများကို ကျင်းပသွားရန် ရှိကြောင်းလည်း သိရသည်။
ပုံများကိုကြည့်ရန်
82 photos
92 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons