Writen by
Tachileik News Agency
11:56 AM
-
0
Comments
မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ အသင်းရုံးခန်းသစ် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် စာပေဟောပြောပွဲကို စာရေးဆရာ ဦးဘုန်း(ဓါတု) နှင့် စာရေးဆရာ ညီမင်းညို တို့ဖြင့် ဖေဖော်ဝါရီလ(၆)ရက်မှ (၇)ရက်နေ့ထိ နှစ်ညတိုင်တိုင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ ကျင်းပပြုလုပ်ရာမှာ ပထမညနှင့် ဒုတိယညတွင် စာရေးဆရာ ဦးဘုန်း(ဓါတု)မှ "အရပ်ကောင်းမှ အလောင်းလှမယ်"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ "ချိုချဉ်"ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ပြီး စာရေးဆရာ ညီမင်းညိုမှ ပထမညနှင့် ဒုတိယညတွင် "ခေတ်ကိုထင်ဟပ်သော ဝတ္တူများ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ "၂၀၁၅"ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြသည်။
အဆိုပါ စာရေးဆရာ နှစ်ဦးတို့သည် မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်) ဥက္ကဌ ဦးတင့်ဆွေ၏ စီစဉ်ပေးမှုဖြင့် စာပေဟောပြောပွဲ မကျင်းပမီ ဖေဖော်ဝါရီလ(၆)ရက်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ဆန်ဆိုင်း)နှင့် အ.ထ.က(ရွှေမဟာ)တို့တွင် ဓါတုဘာသာရပ်နှင့် ဘိုင်အိုဘာသာရပ်တို့ကို (၉)တန်းနှင့်(၁၀)တန်း ကျောင်းသား/သူ စုစုပေါင်း အယောက်(၆၀၀)၀န်းကျင်တို့အား သင်ကြားပြသပေးခဲ့သည်။
ယင်းမတိုင်မီ ဖေဖော်ဝါရီလ(၅)ရက်နေ့ ညပိုင်းက မဇ္ဈိမလူမှုကူညီရေး(တာချီလိတ်)ရုံးတွင် အသင်းရုံးခန်း ဖွင့်ပွဲသို့ ကြိုတင်ရောက်ရှိလာကြသော ထိုင်းနိုင်ငံ မယ်ဆိုင်၊ ချင်းမိုင် နှင့် ချင်းရိုင်းတို့မှ လူမှုကူညီရေးအသင်းများ၊ လာအိုနိုင်ငံမှ လူမှုကူညီရေးအသင်းနှင့် ကျိုင်းတုံမြို့မှ လူမှုကူညီရေးအသင်း အပါအ၀င် တာချီလိတ်မြို့မှ လူမှုကူညီရေးအသင်းများမှ အသင်းသား/သူများကိုလည်း စာပေရေးရာ အသိပညာပေး ဟောပြောမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်

29 photos
35 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons