Writen by
Tachileik News Agency
2:23 AM
-
0
Comments
ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မလိပါကော်ကျေးရွာ၌ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့ ဖေဖော်ဝါရီလ(၈)ရက် နံနက် (၁၀း၄၅)နာရီအချိန်ခန့်က မူးယစ်ဆေးဝါးများနှင့် တရားခံအား ဖမ်းဆီးရရှိကြောင်း သတင်းရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မလိပါကော်ကျေးရွာ၌ တောင်ယာလုပ်ကိုင်နေသူ မခင်xxx၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာမှ Wy အမှတ်တံဆပ်ပါ စိတ်ကြွဆေးပြား (၃၃၈၀)ပြား နှင့် စိတ်ကြွဆေးပြား အကြေ(၁၇)ဂရမ်ခန့် အပြင် ဘိန်းဖြူ (၀.၂)ဂရမ်တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ကြရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် (၈၅)သိန်းဝန်း ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသူ မခင်xxx အား မယ(ပ)၂၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
တဆက်တည်းမှာပင် အဆိုပါနေ့၏ နံနက်ပိုင်းမှာပင် မလိပါကော်ကျေးရွာ၏ လမ်းမပေါ်၌ နံပါတ်မပါသော ဆိုင်ကယ်တစ်စီးအား မောင်းနင်လာသူ ဦးမွန်းxxxအား မသင်္ကာ၍ ရပ်တန့်ရှာဖွေ စစ်ဆေးရာ ကျပ် (၂)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား (၈၀)ပြားအား ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၂၅/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မလိပါကော်ကျေးရွာ၌ တောင်ယာလုပ်ကိုင်နေသူ မခင်xxx၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာမှ Wy အမှတ်တံဆပ်ပါ စိတ်ကြွဆေးပြား (၃၃၈၀)ပြား နှင့် စိတ်ကြွဆေးပြား အကြေ(၁၇)ဂရမ်ခန့် အပြင် ဘိန်းဖြူ (၀.၂)ဂရမ်တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ကြရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် (၈၅)သိန်းဝန်း ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသူ မခင်xxx အား မယ(ပ)၂၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons