Writen by
Tachileik News Agency
11:26 PM
-
0
Comments
၂၀၁၂ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့ ညနေ(၃)နာရီမှ ညနေ(၆)နာရီထိ တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမတစ်လျှောက်ရှိ လမ်းဆုံ(၃)နေရာတွင် အဖွဲ့(၄)ဖွဲ့မှ ပူးပေါင်း၍ ငွေတောင်ဦး ကမ္မဌာန်းကျောင်းမှ သံဃာတော်(၅)ပါးဖြင့် မြို့အတွင်း အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈယ်ခြင်း အစီအစဉ်အား ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ အစီအစဉ်အား ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့ဝင်များ၊ မဇ္ဈိမ ဟိုတယ် မှ ဦးတင့်ဆွေ နှင့် ဟိုတယ်မိသားစုဝင်များ၊ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္မဏီမှ ဦးစိုင်းဝဏ္ဏထွန်း နှင့် အလင်းရောင်ပရဟိတအသင်း တို့ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ပါတယ်။
မြို့အတွင်း အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈယ်ရာမှာ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား ထိပ်ရှိ လမ်းဆုံ၊ ဆန်ဆိုင်း(က)လမ်းဆုံ နဲ့ ဆန်ဆိုင်း(ခ)လမ်းဆုံ တို့မှာ
မဏ္ဍပ်ထိုး၍ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈယ် ခဲ့ကြပါတယ်။အစီအစဉ်အရ ပုန်းထွန်လမ်းထိပ်မှ လေယာဉ်ကွင်းလမ်ထိ လမ်းတစ်လျှောက် ပရိတ်တရားတော်နာရန်
စီစဉ်ထားသော်လည်း မိုးချုပ်သွား၍ ထိုနေရာသို့ မသွားတော့ပဲ လမ်းဆုံ(၃)နေရာ၌ပင် အစီအစဉ်အား ပြီးမြောက်စေခဲ့ပါတယ်။
ပြုလုပ်တယ်လို့ သိရပါတယ်။
၂၀၁၂ခုအတွင်းတွင် လူသတ်မှု(၁)မှု၊ ကြိုးဆွဲချသေမှု(၃)မှု၊ ကိုယ့်ကိုကိုယ် လည်ပင်းလှီးသေမှု(၁)မှု၊ ယမ်းထောင်းနေရင်းပေါက်ကွဲရာမှ သေဆုံးမှု(၁)မှု၊ ရေထဲခုန်ချသေမှု(၁)မှု နဲ့ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ မှ အောက်တိုဘာ(၂)ရက်နေ့ထိ ယာဉ်တိုက်မှုပေါင်း(၅၉)မှု ဖြစ်ပွားခဲ့ရာ အမျိုးသား(၄၉)ဦး၊ အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၆၅)ဦး ဒဏ်ရာရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၆၅)ဦးထဲမှ အမျိုးသား(၁၆)ဦး အမျိုးသမီး(၃)ဦး စုစုပေါင်း(၁၉)ဦး သေဆုံးမှုများ ရှိခဲ့ပါတယ်။
သိရပါတယ်။
တာချီလိတ်မြို့တွင် ယာဉ်မတော်တဆတိုက်မှုများဖြစ်ပွားရာမှာ ဗိုလ်ချုပ်လမ်းမပေါ်အတွင် အဖြစ်များကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်လမ်းမတစ်လျှောက်တွင် လမ်းမှာ ကောင်းမွန်နေသော်လည်း
လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် ကားများမှာ စည်းကမ်းမဲ့စွာ ရပ်တန့်ထားခြင်းကြောင့် လမ်းမှာ ကျဉ်းသွားသလို ဖြစ်သွားစေခဲ့ပြီး ယာဉ်တစ်စီးနဲ့တစ်စီးဖြတ်ကျော်ရာမှ ယခုလို ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ကြကြောင်းကို ကားလမ်းမတစ်လျှောက်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်










Social Buttons