Latest News

Dropdown Menu

Wednesday, October 10, 2012

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း မှ တာချီလိတ်မြို့သို့ လာရောက်၍ သတင်းစာနှင့်မီဒီယာသင်တန်း ဖွင့်လှစ်ပို့ချပေးမည်

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ( Myanmar Journalists Association ) မှ တာချီလိတ်မြို့သို့ လာရောက်၍ သတင်းစာနှင့်မီဒီယာသင်တန်း ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပါသည်။

အဆိုပါ သင်တန်းအား ပို့ချမည့်ကာလမှာ ( ၂၂.၁၀.၂၀၁၂ ) မှ ( ၂.၁၁.၂၀၁၂ ) ထိ ဖြစ်ပြီး (၁၀)ရက်တိတိ ဖြစ်ပါသည်။




စိတ်ပါဝင်စားသူများ မည်သူမဆို အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ယခုလို သတင်းစာနှင့်မီဒီယာသင်တန်းနှင့်ပတ်သက်၍ ယခင်ကဆိုလျှင် ရန်ကုန် သို့မဟုတ် မန္တလေးသို့ သွားရောက် သင်ကြားရပါသည်။ ယခု အခါမှာ တာချီလိတ်မြို့ရှိ သတင်းစာနှင့်မီဒီယာသင်တန်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များ၏ ဖိတ်ကြားမှုကြောင့် လာရောက်သင်ကြားပို့ချပေးမည်ဖြစ်ရာ ကြုံတောင့်ကြုံခဲဖြစ်သောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် သင်ယူထားသင့်သည်ဟု ယူဆပါသောကြောင့် ယခုလို အသိပေးနှိုးဆော်လိုက်ခြင်းဖြစ်ပါသည်။

သင်တန်းကြေးနှင့် သင်တန်းချိန်အား နောက်ဆုံးစာရင်းပေးသွင်းရမည့် (၁၇.၁၀.၂၀၁၂)တွင် သင်တန်သားလူဦးပေါ် မူတည်၍ သတ်မှတ်ပေးမည်ဖြစ်ပါသည်။

စာရင်းပေးသွင်းရမည့် နောက်ဆုံးသတ်မှတ်ရက်မှာ ( ၁၇.၁၀.၂၀၁၂ ) ဖြစ်ပါသည်။

သင်တန်းနှင့်ပတ်သက်၍ အောက်ပါဆက်သွယ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ဖြင့်  စုံစမ်း/စာရင်းပေးသွင်းနိုင်ပါသည်။
ဦးအောင်မျိုးဝင်း (ကွမ်းနှင့်ကွမ်းပစ္စည်းဆိုင်)
ဝမ်ကောင်းရပ်ကွက်ရုံးရှေ့တည့်တည့်
ထိုင်းဖုန်း - 085 0386 909
ဦးစိုးထွန်းနိုင်
ကောင်းဆက်လင်း ဓါတ်ပုံ/ဗီဒီယို
ခရိုင်ပြန်/ဆက်ရုံးရှေ့ တည့်တည့်
ရွှေတိဂုံဘုရားလမ်း
ထိုင်းဖုန်း - 089 6341 804

ဦးဘခင်
084 8077 405

ထို့အပြင် တာချီလိတ်အွန်လိုင်းသို့လည်း ဆက်သွယ်၍ စုံစမ်း/စာရင်းပေးသွင်းနိုင်ပါသည်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
tachileik@tachileik.net
မြန်မာဖုန်း - 094 500 46600
ထိုင်းဖုန်း - 084 5225 713
« PREV
NEXT »