Writen by
Tachileik News Agency
5:02 AM
-
0
Comments
၂၀၁၂ခုနှစ် အောက်တိုဘာ(၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၃၀)ခန့်မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတားအနီးမှာ ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။မြန်မာအများအခေါ်တစ်ခုဖြစ်တဲ့ ဦးအောင်ဇေယျာကုန်းတော် (နဂါးနှစ်ကောင်) ထိုင်းအခေါ် လွိုင်ပေါင်းတော်ပေါ်ကနေ ဧည့်သည်များကို ပို့ဆောင်ပေးနေတဲ့ ကားတစ်စီးမှာ ကုန်းအဆင်းတွင် ဘရိတ်ပေါက်သွားပြီး ဆင်းလာခဲ့ရာ အရှိန်မထိန်းနိုင်ပဲ အဆိုပါ လမ်းပေါ်ရှိ ကားတစ်စီးကို ၀င်တိုက်မိခဲ့ပြီးနောက် မြန်မာဆိုင်ကယ်တစ်စီးကိုလည်း ၀င်တိုက်မိပြန်တယ်လို့ သိရပါတယ်။
မြန်မာဆိုင်ကယ်ကို မောင်းနင်လာသူမှာ ထိခိုက်ဒဏ်အနည်းအငယ်သာရရှိတယ်လို့ သိရပါတယ်။
အခုတလောမှာ မြန်မာဘက် တာချီလိတ်မြို့မှာလည်း ယာဉ်တိုက်မှုများ နေ့တိုင်းလိုလိုပင် ဖြစ်ပွားနေသည်ကို တွေ့ရှိရပါတယ်။ ထို့အတွက်ကြောင့် ယာဉ်မောင်းသူများအနေဖြင့် မိမိကိုယ်သာ အထူးသတိထားဆင်ခြင်မောင်းနင်ဖို့ လိုပါတယ်။....
Photo: Maesai news
ပုံများကို ကြည့်ရန်




Social Buttons