Writen by
Tachileik News Agency
1:37 AM
-
0
Comments
တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနဲ့ သုံးဘီးမော်တော်ဆိုင်ကယ်များ အတွက် လိုင်စင်ပြုလုပ်ခွင့် နောက်ထပ် (၁)လ တိုးတယ်လို့ သိရပါတယ်။ သတ်မှတ်ရက် အတိအကျမှာ (၄.၁၁.၂၀၁၂ )ရက်နေ့ ဖြစ်ပါတယ်။{14.8.2012 က ရိုက်ထားသော ပုံ}
သို့သော်လည်း ကျန်ရှိနေသေးတဲ့ ဆိုင်ကယ်များ၊ သုံးဘီးများအတွက် လိုင်စင်ပြုလုပ်ဖို့ရာ နိုဝင်ဘာ(၄)ရက်နေ့ထိ (၁)လတိတိ ထပ်တိုးခဲ့ပါတယ်။
စီမံချက်ကာလ မပြီးဆုံးမီက လိုင်စင်ပြုလုပ်ခွင့် နောက်ထပ် (၁)လတိုးတယ်ဆိုပြီး လူအပြောများနေကြတဲ့အခါ စီမံချက်အဖွဲ့က စက်တင်ဘာ(၂၇)ရက်နေ့မှာ ကြေညာစာ ကပ်ခဲ့ပါတယ်။
{စက်တင်ဘာ၂၇ရက်နေ့က ကြေညာချက်}
တရားမ၀င်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ဆောင်ရွက်ပေးခြင်း စီမံချက်ကာလမှာ (၅)တိတိလ ဖြစ်သွားခဲ့ပါပြီ။ ထို့အတွက်ကြောင့် လိုင်စင်မပြုလုပ်ရသေးတဲ့ ဆိုင်ကယ်များ သုံးဘီးများအနေဖြင့် ကျန်ရှိနေသေးတဲ့ (၁)လအတွင်း လိုင်စင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။



Social Buttons