Latest News

Dropdown Menu

Saturday, October 13, 2012

တာချီလိတ်မြို့ ဆီလီငေါက်ကျေးရွာသို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ မိုးပွင့်စီမံချက်အဆင့်(၄)အရ ကွင်းဆင်းပြုလုပ်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၃)ခုအား ပေးအပ်

၂၀၁၂ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့ နံနက်(၉)နာရီတွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါက်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ မိုးပွင့်စီမံချက်အဆင့်(၄)အရ ခရီးလွန်၍ကျန်နေသူများ၊ ဝေးလံခက်ခဲသည့်ဒေသမှ ကျန်နေသူများနှင့် အသက်ပြည့်မီလာသူများအား ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရတယ်။


အဆိုပါ ပေးအပ်ပွဲ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ ရှမ်းပြည်နယ် ( ကျိုင်းတုံ )မှ ဒုညွှန်မှူး ဦးခင်စိုး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊  တာချီလိတ်ခရိုင်လဝက ဒုညွှန်မှူး ဦးထိန်ဝင်း၊ တာချီလိတ် မြို့နယ်လ၀ကမှူး ဦးသိန်းလွင် နှင့် တာချီလိတ်လ၀က၀န်ထမ်းများ အပါအ၀င် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် နှင့် ကျေးရွာသူ/သားများ စုစုပေါင်းအင်အား(၂၀၀)ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။



လူဝင်မှုကြီးကြပ်ရေးဌာနမှ ဆီလီငေါက်ကျေးရွာရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ကွင်းဆင်းပြုလုပ်ရာ ယခုအခါမှာ ပြုလုပ်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ (၁၁၃)ခုကို ကိုယ်ထိလက်ရောက် သွားရောက်ပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။

ပုံများကိုကြည့်ရန်


« PREV
NEXT »