Writen by
Tachileik News Agency
12:54 AM
-
0
Comments
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို အပါအ၀င် စည်ပင်သာယာရေးအဖွဲ့ဝင်များ နဲ့ မြန်မာဧရာမွန်ကုမ္မဏီ တို့ ပူးပေါင်းညှိနှိုင်းပြီး အလျား ပေ(၅၅၀)ခန့်ရှိတဲ့ ကားကြီးကွင်းရှေ့လမ်းရှိ တော်ဝင်လမ်းအား စက်ယန္တရားများဖြင့် ကျောက်မြေများဖို့ပြီး ပြုပြင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။အဆိုပါ လမ်းပြုပြင်ရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းထွေး နဲ့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူ ဦးရဲထူးတို့ လာရောက်ကြည့်ရှု့ပြီး လမ်းဘေးတစ်ဘက်တစ်ချက်စီအတွက် ပြုလုပ်ရန်လိုအပ်သည့် ရေမြောင်းကိစ္စများကို အကြံပြုပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
တော်ဝင်လမ်းမှာ ယခင်က လမ်းပြုပြင်မှုများ မကြာခဏ ပြုလုပ်ခဲ့သော်လည်း ဘေးတစ်ဖက်တစ်ချက်စီမှာ ရေလွှဲ ရေမြောင်းများ မရှိတာကြောင့် လမ်းမှာ ပျက်စီးမြန်ခဲ့ခြင်းဖြစ်ပါတယ်။
ယင်းအတွက် မြန်မာဧရာမွန်ကုမ္မဏီမှ လမ်းကြိတ်စက်(၁)စီး၊ Grader ( မြေညှိစက် ) (၁)စီး နဲ့ မြေသယ်ကား(၅)စီးတို့ဖြင့် အသုံးပြုပြီး ၀မ်ပုံလမ်းကဲ့သို့ ကောင်းမွန်စေရန်အတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
တော်ဝင်လမ်းသည် ကားကြီးကွင်း ရှေ့တည့်တည့်တွင် ရှိသော လမ်းဖြစ်ပြီး လွယ်စတုံ တာဝေမီးစက်လမ်းမှ တဆင့်လည်း ၀င်ရောက်နိုင်တဲ့ လမ်းဖြစ်ပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်





Social Buttons