Writen by
Tachileik News Agency
10:56 AM
-
0
Comments
၂၀၁၂ခုနှစ် အောက်တိုဘာ(၁၅)ရက်နေ့ ညနေ (၄) နာရီခန့်က ထိုင်း-မြန်မာ နယ်စပ်ဘက်ကနေ ကားများကို အိမ်နီးချင်းနိုင်ငံဘက်သို့ ရောင်းဖို့ ပြုလုပ်နေစဉ်အတွင်းမှာပင် ထိုင်းရဲများက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ရရှိထားသော အခိုင်အမာသတင်းအရ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အစ္စလာမ်ဘဏ်ရှေ့မှာ ရပ်ထားတဲ့ တိုယိုတာ ၀ီကို ( Toyota Vigo ) ကား(၅)စီးကို စစ်ဆေးရာ ထိုကားများရဲ့ စာရွက်စာတန်းတွေကို စစ်ဆေးကြည့်ရာမှာ ပိုင်ဆိုင်မှုအထောက်အထား မရှိတာကို တွေ့ရတာကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ်ရဲတပ်ဖွဲ့တဖွဲ့ကလည်း မယ်ဆိုင်မြို့နယ်မယ်ကျန်း ဖဟွန်ယိုထင် လမ်းမှာရပ်ထားတဲ့ ကား (၄) စီးကို မသင်္ကာဖွယ်တွေ့ရှိရာ အထက်ပါအတိုင်း ပိုင်ဆိုင်မှု အထောက်အထားမပြနိုင်တာကြောင့် သိမ်းဆည်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းရဲတို့ရဲ့ ထင်မြင်ယူဆချက်အရ ထိုကားများမှာ အသက်အာမခံကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလိမ်လည်ရရှိလာသော ကားများဖြစ်နိုင်ကြောင်း နဲ့ အိမ်နီးချင်းနိုင်ငံဘက်မှ ထိုတံဆိပ်နဲ့ကားများကို လိုချင်သောကြောင့် ကားမောင်းခကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ(၅၀၀၀၀)ပေး၍ မှာကြားတာဖြစ်ကြောင်း ဆိုပါတယ်။
တဆက်တည်းမှာပင် ထိုင်းနိုင်ငံ အောက်ပိုင်း အပေါ်ပိုင်းကနေ ငှားရမ်း ၀ယ်ယူလာတဲ့ကားများ မတရားသောနည်းလမ်းဖြင့် ရရှိလာတဲ့ကားများ စသည့်ကားများကို ထိုင်းနိုင်ငံ ချင်းဆဲန်မြို့ နဲ့ မယ်ဆိုင်မြို့များသို့ သယ်ယူလာပြီး တံတားပေါ်မှ မည်သည့်ခွင့်ပြုချက်မှ မယူပဲ အိမ်နီးချင်းနိုင်ငံဘက်သို့ ခိုးပြီး တင်ပို့ရောင်းချရန် မယ်ဆိုင်မြို့ရှိ အဆောက်အဦတစ်ခုမှာ ရပ်ထားတဲ့ ကား(၉)စီးကို သိမ်းဆည်းရမိခဲ့ပေမဲ့ ထိုအဆောက်အဦ ပိုင်ရှင်မှာတော့ ထိုကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မသိကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်သတင်းဌာတစ်ခုမှာ ဖော်ပြထားပါတယ်။
Photo News: Maesai News
ပုံများကို ကြည့်ရန်



Social Buttons