Latest News

Dropdown Menu

Wednesday, October 17, 2012

ဖောက်ထွင်းခိုးယူသွားသော တရားခံများအား (၃)ရက်အတွင်း ဖမ်းဆီးရမိကြောင်း သတင်းအား ဖြုတ်ချလိုက်ခြင်းနှင့် ပတ်သက်၍

ဖောက်ထွင်းခိုးယူသွားသော တရားခံများအား (၃)ရက်အတွင်း ဖမ်းဆီးရမိကြောင်း သတင်းအား တာချီလိတ်သတင်းစာမျက်နှာ ပေါ်မှ ဖြုတ်ချထားလိုက်ပါသည်။ ထိုသတင်းပါ အချက်အလက်များမှာ မှားယွင်း၍ မဟုတ်ပါ။


ငွေကြေးပမာနအနေဖြင့် အပြင်ကောလဟလ အမျိုးမျိုး ထွက်နေကြသော်လည်း တာချီလိတ်သတင်းဌာန အနေဖြင့် တရားခံများ၏ ထွက်ဆိုချက် ကာယကံရှင်၏ တဆင့်ပြောကြားချက် ဖမ်းဆီးရာတွင် ပါဝင်သော ရဲများ၏ ပြောကြားချက်များ အပေါ်အခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်။

ပြင်ပသတင်းမီဒီယာများအနေဖြင့် သတင်းများကို ကူုးယူအသုံးချနေမှု သတင်းများကို မဟုတ်တမ်းဖွ နေမှုတို့ ကြောင့် ဖြုတ်ထားလိုက်ခြင်းဖြစ်ပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာသည် ပြည်သူများကို သတင်းနဲ့ပတ်သက်၍ သိစေချင်သော ဆန္ဒတစ်ခုအတွက် စေတနာ ၀ါသနာအရင်းခံကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

ကျေးဇူးတင်ပါသည်

« PREV
NEXT »