Latest News

Dropdown Menu

Wednesday, October 3, 2012

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များမှ တာလေမြို့နယ်ခွဲ့သို့ သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများပြုလုပ်

၂၀၁၂ခုနှစ် အောက်တိုဘာ(၁)ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နဲ့ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တို့သည် တာလေမြို့နယ်ခွဲသို့ သွားရောက်ပြီး မီးဘေးသင့်လူတစ်ချို့နဲ့ ဆေးရုံရှိလူနာတစ်ချို့ကို ကူညီမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



စက်တင်ဘာ(၂၉)ရက်နေ့က ပါလောင်းရွာရှိ ဦးအားဖော်နေအိမ်မှာ မီးလောင်မှုဖြစ်သွားခဲ့ပါတယ်။ အဆိုပါ မီးလောင်သွားခဲ့သော နေအိမ်၏ အိမ်ရှင်မိသားစုများကို  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နဲ့ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များက ထောက်ပံ့ငွေ (၂၀၀၀)ဘတ်နဲ့ ဘတ်(၁၀၀၀)တန်ဘိုးရှိတဲ့ စောင်(၂)နှစ်ထည်အပြင် မာမားခေါက်ဆွဲခြောက်များ ပေးဝေခဲ့တယ်လို့ သိရပါတယ်။



ဆက်လက်ပြီး ၎င်းတို့အဖွဲ့အနေနဲ့ တာလေမြို့နယ်ခွဲရှိ ပြည်သူ့ဆေးရုံကိုသွားရောက်ပြီး ဆေးရုံတက်လူနာများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြပါတယ်။ ဆေးရုံမှာ တက်ရောက်ကုသမှုကိုခံယူနေတဲ့ ပန်ဆန်း(လားဟူရွာ)မှ  ရှမ်းတိုမီးသေနတ်ကြောင့်ဒါဏ်ရာရထားသူ ဒေါ်နာခါးလယ် ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးက  ဘတ်ငွေ(၄၀၀၀) နဲ့  မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနဲ့ ပါတီဝင်များမှ  အလှူငွေ(၂၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။
« PREV
NEXT »