Writen by
Tachileik News Agency
11:51 PM
-
0
Comments
နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်(၉း၁၅)နာရီက တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်/ကျေးရုံး(၅)ရုံးမြောက်ကို မကာဟိုခမ်းရပ်ကွက်ရှိ အဖွဲ့ချုပ်ရုံးမှာပဲ မကာဟိုခမ်းရပ်/ကျေးရုံးအဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။အဆိုပါ အခမ်းနားမှာ တာချီလိတ်မြို့နယ်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌ ဦးရဲနီထွန်း နှင့် မကာဟိုခမ်း ရပ်/ကျေးရုံး ဥက္ကဌ ဦးစိုင်းစွံဆိုင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဗဟိုညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ ဥက္ကဌ ဦးတင်ဦးမှပေးပို့သော သ၀ဏ်လွှာအား ဦးစိုင်းလုံစံခတ်မှ ဖတ်ကြားစေခဲ့ပါတယ်။
အခမ်းအနားတွင် တာချီလိတ်ခရိုင်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးတင်မြင့်ဝင်းမှ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းရာမှာ ယခုကဲ့သို့ ရပ်/ကျေးရုံးခန်းများ ဖွင့်လှစ်ဖို့ရာအတွက် ရပ်ကွက်(၃)ရပ်ကွက်ဖြစ်သော ၀မ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်တို့တွင် ဖွင့်ရန်ကျန်ရှိပြီး ကျေးရွာအုပ်စုများအနေဖြင့် မိုင်းဖုန်း(က)နှင့်(ခ)၊ မိုင်းဟဲ နှင့် ဖန်မင်တို့ဖြစ်ကြပြီး မြို့နယ်ခွဲများဖြစ်တဲ့ တာလေမြို့နယ်ခွဲ့ နှင့် ကျိုင်းလပ်မြို့နယ်ခွဲတို့တွင်လည်း ကျန်ရှိနေသေးကြောင်း သိရှိရပါတယ်။
အခမ်းအနားကို နံနက်(၁၀း၁၅)နာရီမှာပင် ပြီးမြောက်စေခဲ့ပြီး တက်ရောက်လာသော အဖွဲ့ချုပ်ဝင်များ ဧည့်သည်တော်များမှာ (၁၂၀)ခန့်ရှိကြောင်း တွေ့ရှိရပါတယ်။
တာချီလိတ်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံး ရပ်/ကျေးရုံးကိုတော့ ၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက်နေ့က ဟောင်လိတ်ကျေးရွာအုပ်စု မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်





Social Buttons